Showing posts with label မြန်မာအစိုးရ. Show all posts
Showing posts with label မြန်မာအစိုးရ. Show all posts

Friday, October 29, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား


Myanmar's-military-junta-leader,-General-Than-Shwe
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
ဦးဌေးဦးက“ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး”ဟု ဆိုသည်။

Tuesday, October 26, 2010

မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ

By ဦးကျော်အောင်လွင် တနင်္လာ, 25 အောက်တိုဘာ 2010

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာစစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းပြီး အသစ်ပြောင်းလဲ သုံးစွဲလိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံနဲ့ တပုံစံတည်း ဖြစ်နေလို့ NCGUB ဘက်က အံ့သြနေပါတယ်။ ဒီအလံကို လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက NCGUB က သုံးစွဲခဲ့တာပါ။ အလံတူနေတဲ့အတွက် နိုင်ငံတော်အလံ အသစ်ကို NCGUB ဘက်က ထောက်ခံသွားမှာ မဟုတ်သလို သူတို့အစိုးရ အဖွဲ့ရဲ့ အလံကိုလည်း ပြောင်းလဲလိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။