Thursday, June 9, 2011

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

E-mail Print PDF

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။

အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။