Monday, April 30, 2012


ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်သို့တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား PDF Print
Monday, 30 April 2012 11:30
AddThis Social Bookmark Button

ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

Friday, April 27, 2012

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား PDF Print
Thursday, 26 April 2012 15:40
AddThis Social Bookmark Button
545
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စား လှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ် ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန်

Wednesday, April 25, 2012

ဒေါ်အောင်ဆန်းစုကြည် ၂၃ ရက်နေ့တွင် လွှတ်တော်တက်မည်

ဝင်းကိုကိုလတ်  

မြန်မာတိုင်းမ်၊ အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ်များ သည် ယခုလ ၂၃ ရက်တွင် ပြန်လည် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် တတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်
"ဟုတ်ပါတယ်၊ ၂၂ ရက် နေပြည်တော် အရောက်၊ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ လွှတ်တော်စတင်မယ်လို့ အကြောင်း ကြားထား ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားသည်။
ယခုလ ၁၉ နှင့် ၂၀ ရက်များတွင် အင်န်အယ်လ်ဒီက အနိုင်ရကိုယ်စားလှယ်များအား အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက လွှတ်တော်နေရာ ၄၃ နေရာ အနိုင်ရရှိထားသည်။
"၂၃ ရက်မှာ လွှတ်တော်တက်ဖို့ အကြောင်းကြားစာရပါတယ်" ဟု ဥတ္တရ သီရိမြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လွှတ်တော်တွင် မေးမြန်းရန် မေးခွန်း အချို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒေသခံ ပြည်သူများ၊ လယ်သမား များခံစားနေရသည့် လယ်ယာမြေနှင့် သက်ဆိုင်သည်များကို အဓိကထား မေးမြန်းသွားမည်ဟု ၎င်းက ပြောသည်။
"နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းတာတွေကို ဘယ်လို ဆောင်ရွက်ပေးခဲ့သလဲဆိုတာကို သက် ဆိုင်ဝန်ကြီး ဌာနကို မေးပါမယ်" ၎င်းက ပြောသည်။
"အဆိုက ကျယ်ပြန့်တဲ့ကိစ္စဖြစ်တဲ့အတွက် သေချာစဉ်းစားပြီး လုပ်ဆောင်သွားမယ်"ဟု ၎င်းက ပြောသည်။
ဇမ္ဗူသီရိမြို့နယ်၊ အယ်န်အယ်လ်ဒီ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "Data analysis လုပ်နေတယ်။ အဲဒီကနေ Issue တွေ ဆွဲ ထုတ်ပြီး