Monday, November 29, 2010

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
o ရံပုံငွေရှာဘို့၊
o တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
o အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။

• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအ၀င် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂၀၀၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ၀င်ငွေနည်း၊ ၀င်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။
• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ၀င်ငွေနည်း နဲ့ ၀င်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တ၀က်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။

ကလေးများတွင် ဖြစ်သော ရင်ကျပ်ရောဂါ





မြန်မာဝီကီပီးဒီးယားမှာ ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး အတော်အတန်ပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပါမယ်။ Blog Post အနေနဲ့တော့ များပြားလှတဲ့အတွက် ခေါင်းစဉ်တွေ ခွဲပြီး တင်ဆက်သွားပါမယ်။ တချို့အကြောင်းအရာတွေကိုတော့ ဆေးပညာအသုံးအနှုန်းတွေနဲ့ပဲ ဖော်ပြထားပါတယ်။ အကယ်၍ သိချင်ပါက ကျွန်တော့် mail ဖြစ်တဲ့ ziwakka23@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ CBox မှာ ကလေး ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး မေးထားတာတွေ့လို့ အဲဒီကပဲ စလိုက်ပါတယ်။

Monday, November 22, 2010

Su Free United & Advance to Grab the Hope!

ပြည်တွင်းမှာ တရားဝင် ထုတ်ဝေနေတဲ့ Eleven Sport Journal ရဲ့ အဖုံးမှာ SUNDERLAND FREEZE CHELSEA UNITED STUNNED BY VILLA  & ARSENAL ADVANCE TO GRAB  THEIR HOPE ဆိုတဲ့စာသားမှာ အနီရောင်ဖျော့နဲ့ ရေးထားတဲ့စာလုံးတွေကို ဖတ်ကြည့်လိုက်ရင် SU FREE UNITE & ADVANCE TO GRAB  THE HOPE လို့ ဖြစ်နေပါတယ်။
ဒေါ်စုလွတ်မြောက်မှုဟာ `ညီညွတ်မှု´နဲ့ `မျှော်လင့်ချက်ကို ဆုတ်ကိုင်နိုင်ဖို့လမ်းစ` ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
 ရဲရဲဝံ့ဝံ့ ဖန်တီးဂုဏ်ပြုလိုက်သူများကို အသိအမှတ်ပြုခြင်းနှင့်အတူ
ရင်ခုန်သံတူသူများကို မျှဝေပေးနိုင်ဖို့ ပို့ပေးလိုက်ပါတယ်။

Let's unite and grab our hope!

ဒီ Eleven sport Journal က သတင်းလေးကို သူငယ်ချင်းတွေဆီက ပို့ပေးလိုက်တာပါ။ ဗမာပြည်သူတွေရဲ့ မျှော်လင့်ချက် ကို ထင်ဟတ်စေတဲ့ ဒီဖန်တီးသူရဲ့ ဥာဏ်ထက်မြက်မှုကို ဂုဏ်ပြုဖေါ်ပြအပ်ပါတယ်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိဘဲ ကန့်သတ်ချက်များ ရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပြည်သူလူထု စိတ်အ၀င်စားဆုံးသော သတင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် သတင်းနှင့် မိန့်ခွန်း ပြောကြားသည့် အချိန်က အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြန်ရန် ပြည်တွင်း သတင်းဂျာနယ်များက ကြိုးပမ်းကြသော်လည်း စာပေစိစစ်ရေးက ကန့်သတ်မှုများ ရှိနေသောကြောင့် လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။

“ပထမဆုံး ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ့။ ဓာတ်ပုံက အကြီးကြီးချဲ့လို့ မရဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ သုံးခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းကိုလည်း မျက်နှာဖုံး တင်ချင်တယ်။ စာပေစိစစ်ရေးက ခွင့်မပြုဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

မျှော်လင့်ချက် - ၁

  • ကျနော့်ပထမဆုံး တင်ပြချင်တဲ့ မျှော်လင့်ချက်ကတော့ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးရချင်တာပါပဲ။ ကျနော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ဒီနေ့အထိ မရပ်စဲနိုင်သေး ပါဘူး။ ပြင်းပြင်းထန်ထန် ဖြစ်တာနဲ့ အနည်းငယ်လျော့ပါးသွားတာပဲကွာတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တိုင်းပြည် မွဲတေ သွားရတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တွေ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ လျော့ပါး ခဲ့ကြတယ်။ လူတယောက်နဲ့ တယောက် တန်ဖိုးထားမှုတွေ လည်း လျော့ပါးခဲ့ကြတယ်။ ကျနော်တို့  မသိလိုက်မသိဘာသာ နေခဲ့ကြပေမဲ့ ကျနော်တို့ ဗမာပြည်မှာ တယောက်နဲ့ တယောက်လေးစားမှုတွေ လျော့ပါးခဲ့တာလဲ ဒီစစ်ကြောင့်ပါပဲ။  
  •  
  •  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်ရင် ဒီစစ်ကိုအရင်ဆုံးရပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စရမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်တယ်လို့ ဘယ်လောက် အာဘောင်အာရင်း သန်သန်နဲ့ ပြောပြော ပြည်တွင်းစစ်ကို ကိုယ်ကျိုးစီးပွား အတွက် ရှိနေစေချင်တဲ့ သူတိုင်းဟာ တိုင်းပြည် အောက်တန်း ကျရေးကို ဆောင်ရွက်နေတာ သာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့ အာသီသ ပြင်းပြစွာနဲ့ မျှော်လင့်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)၊ (၂)

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)


ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၂)

"အားမွေးထားကြပါ" နိုဝင်ဘာ ၁၄ ဒေါ်စု ရွှေဂုံတိုင် မိန့်ခွန်း အပြည့်အစုံ

Sunday, 14 November 2010 11:15 The Voice Weekly

ကြားလား

ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)

ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ

(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)

Wednesday, November 10, 2010

သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်

Posted: 09 Nov 2010 03:57 PM PST
ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။

Monday, November 8, 2010

မြန်မာစစ်တပ်နှင့် DKBA တပ်တို့ ကြားတိုက်ပွဲ များဖြစ်ပွားပြီး ထိုင်းဘက်ခြမ်း တပ်(ခ) ခရိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲ မူကြောင့် ထိုင်းလူမျိုးတယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ

 မြန်မာစစ်တပ် နဲ့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြ၀တီ မြို့ ရဲ့ အချက်အခြာကျတဲ့ အစိုးရ ရုံးတွေကို သိမ်းပိုက်ထားတဲ့ အတိုက်အခံတပ်တို့ အကြား ဒီနေ့ တနင်္လာနေ့ မှာတိုက်ပွဲဖြစ် ပွား ခဲ့ပါတယ်။

ှစ် နှစ်ဆယ်အတွင်း ပထမဆုံးကျင်းပတဲ့ မြန်မာပြည် ရွေးကောက်ပွဲ အပြီး နောက်တနေ့ မှာတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ ပါတယ်။

မဲဆောက်မြို့ Rim Moei ဈေး နဲ့ Mae Moei City Department Store ကို ဗုံးကျပေါက်ကွဲ ခဲ့တယ် လို့သိရပါတယ်။ပေါက်ကွဲမှုကြောင့် ထိုင်းတစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရှိ သွားပါတယ်။

တနင်္ဂနွေနေ့က ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က မဲဆောက် ခရိုင်အနီး မြ၀တီမြို့မှ ရဲစခန်းနဲ့ စာတိုက်ကို သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရတပ်များက တနင်္လာနေ့များမှာ တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ထိုင်းအစိုးရ အရာရှိများက မဲဆောက်တွင် တိုက်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။  “ကျနော်တို့ ဟိုဘက်ဆိုဒ်မှာ ပေါက်ကွဲသံတွေ အကြိမ် ၃၀ လောက်ကြးရတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်သူ တိုက်ပွဲဖြစ်တာလဲ ဆိုတာတော့ မသိဘူး” လို့ မဲဆောက် ခရိုင်မှူး ကီတီဆက် သိုမွန်ဆပ်က် ကပြောပါတယ်။ 


(ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ သတင်းကို အကျဉ်းချုပ်ဘာသာပြန် ဖေါ်ပြပါသည်။)

မြ၀တီ ပစ်ခတ်မှု သတင်းဆက်

 မြ၀တီ မြို့တွင်း မှ ကုန်သည်တဦးပြောပြချက်အရ မနေ့ကတည်းက ဒီကေဘီအေ တပ်များ ၀င်လာသည်ဟု ကြားသော် လည်း အတိအကျ မသိခဲ့။ ယနေ့ မနက် ၉နာရီ ခွဲခန့်တွင် ပစ်ခတ်မှုများဖြစ်ပြီး ၁၀း၀၀ တွင် ခေတ္တရပ်နားသွားခဲ့။ ၁၀း၃၀ မှ ၁၂း၀၀ အထိပြန်ဖြစ်သောကြောင့် အဆိုပါ ကုန်သည်က ၄င်း ၏ အိမ်တွင်း မှာ သာနေခဲ့ပြီး အပြင်သို့ ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့။ " ကျနော့် အိမ်ရှေ့မှာ ၂ လုံးကျတယ်၊ ဒါပေမဲ့ ၇၉ တို့ ငှက်ပျောဖူးတို့လောက်ပဲ လက်နက်ကြီးတော့ မကျသေးဘူး။ ဗုံးခိုကျင်းထဲမှာ နေရတယ်။" လို့ အဆိုပါကုန်သည်က ၁၂း ၃၀ တွင် ပြောပါသည်။
အဆိုပါကုန်သည်က မြ၀တီ မှာ နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ် တို့ အကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် သည်ဟု ကြားသိရကြောင်း ပြောကြားခဲ့ပါသည်။
ယခု သတင်း ဖေါ်ပြချိန်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း မြ၀တီ မြို့ခံကုန်သည် ကပြောပါသည်။

မျှော်လင့်ချက် သတင်း

မြ၀တီ မြို့ ပစ်ခတ်မှု ထိုင်းဘက် ကမ်းတွင်ပါ ထိခိုက်မှု ဖြစ်ခဲ့

မြ၀တီမြို့မှာ ဒီမနက် ၉နာရီ ခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မဲဆောက် ကမ်းနားမှာ နေသူတဦးက ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ချိန် ၅ မိနစ်ခန့်ဖြစ်ပြီး၊ လက်နက် ကြီးသံများလဲ ကြားရတယ် လို့ ဆိုပါတယ်။

 မဲဆောက်ကမ်းနားက လ၀က ရုံး ရှေ့မှာ လက်နက်ကြီး တလုံး ကျရောက်ပေါက်ကွဲပြီး လူ ၂ ယောက်ဒဏ်ရာရသွားတယ် လို့ဆိုပါတယ်။

နောက်ထပ် လက်နက်ကြီး ကျည် တလုံးလည်း အကောက်အခွန် ရုံးရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ 
မျှော်လင့်ချက်သတင်း

Sunday, November 7, 2010

မျက်စိနာခြင်း

Posted: 06 Nov 2010 07:45 AM PDT
အခုတလေ မြန်မာပြည်မှာ မျက်စိနာတဲ့သူတွေ အတွေ့များနေလို့ မျက်စိနာတဲ့အကြောင်း တင်ပေးလိုက်ပါတယ်။ နယ်မြို့များတွင်သာမက ရန်ကုန်မှာပါ မျက်စိနာကြသူတွေ မရှားပါဘူး။ အောက်ပါ ဆောင်းပါးဟာ မြန်မာဝီကီပီးဒီးယားအတွက် ရေးထားတဲ့ စာမူဖြစ်ပါတယ်။ PHIM မှာ ဖတ်လို့ရအောင် Myanmar3 မှ Zawgyi သို့ပြောင်းပြီး တင်ပေးလိုက်ပါတယ်။ စွယ်စုံကျမ်းဆောင်းပါးဖြစ်တဲ့အတွက် ပုံမှန် Blog Post တစ်ခုနဲ့တော့ တူမှာ မဟုတ်ပါဘူး။ အကယ်၍ အောက်ပါဆောင်းပါးမှာ မျက်စိနာခြင်းနှင့် ပတ်သက်ပြီး ထပ်မံဖြည့်စွက်လိုခြင်း၊ ပြင်လိုခြင်းရှိပါက အောက်ပါ Link တွင် သွားရောက် ဖတ်ရှုပြင်ဆင်နိုင်ပါတယ်။
မျက်စိနာခြင်းဆိုသည်မှာ Conjunctiva ဟုခေါ်သည့် မျက်စိ၏ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ဆေးပညာအရ Conjunctivitis ဟုခေါ်သည်။ မျက်စိနာခြင်းသည် များသောအားဖြင့် ကူးစက်ရောဂါပိုးများကြောင့် အဖြစ်များပြီး ဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်တတ်ကြသည်။

Friday, November 5, 2010

လေဘေး ဒုက္ခသည်များကို ဝန်ကြီးချုပ် မဲသွားဆွယ်

ခင်ဦးသာ Thursday, 04 November 2010 19:29
စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများသို့ သွားကာ ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲပေးရန်ပြောဆိုသွားကြောင်း သိရသည်။

bu-Prime-Minister-Thein-Sein-Asean
အောက်တိုဘာ ၃၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် အာဆီယံထိပ်သီး စည်းဝေးပွဲ အတွင်း ၈ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ အစည်းအဝေးတွင် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - AP)
“ကျောက်ဖြူမြို့ပေါ်က ရမ္မာဝတီခန်းမမှာ မြို့မိမြို့ဘတွေ၊ အာဏာပိုင်တွေကို ခေါ်ပြီးတော့ မဲမပေးဘဲ မနေကြဖို့၊ မဲမပေးကြဘူးဆိုရင် နိုင်ငံကြီးသား မပီသတဲ့အပြင် နိုင်ငံတကာမှာလည်း အရှက်ရစရာ ဖြစ်လာနိုင်တယ်၊ မဲပေးတဲ့အခါလည်း ခြင်္သေ့ရဲ့အမြီးတို့၊ ခြေထောက်တို့ပေါ်မှာ မခြစ်ဘဲ ဘေးက ကွင်းထဲမှာပဲ အမှန်ခြစ်ပေးကြဖို့ ဆိုတာတွေကိုပဲ အဓိထား ပြောဆိုသွားပါတယ်” ဟု အစည်းအဝေး တက်ရောက်နားထောင်ခဲ့ရသည့် ကျောက်ဖြူမြို့ခံ တဦးက ဧရာဝတီကို ရှင်းပြသည်။

ဈေးကွက်တွင်းမှ အကြော်ဆိုင် ၁၀၀ ကျော်ကို စစ်ဆေးရာ အသုံးပြုသည့် ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း တွေ့ရ



From Hope မျှော်လင့်ချက်
    ပြည်တွင်း ဈေးကွက်အတွင်းရှိ အကြော်ဆိုင် ၁၀၀ ကျော်မှ ဆီများကိုစစ်ဆေးရာ ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း FDA စစ်ဆေးချက်အရ သိရှိရ

Thursday, November 4, 2010

ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဘက်လိုက်မှုတွေကြောင့် ရွေးကောက်ပွဲ ရလဒ်က ပြည်သူလူထုရဲ့ ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် သပိတ်မှောက်ကောင်း မှောက်ရလိမ့်မယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ကော်မရှင်က တဖက်သတ် လုပ်လာတာကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ လူထုရဲ့ ဆန္ဒမှန် ဖြစ်မလာဘူးဆိုရင် ဒီအပေါ် သပိတ်မှောက်သင့်ရင် မှောက်မယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ နီးလေ လုံခြုံရေး တင်းကျပ်လေ

ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။
ဓာတ်ပုံ ASSOCIATED PRESS- ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။ နိုဝင်ဘာ ၄၊ ၂၀၁၀။
ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်သာ လိုတော့တာမို့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် အပါအ၀င် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ လုံခြုံရေးတွေ ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တွေ တင်ဆောင်ထားတဲ့ လုံခြုံရေးတွေကို တွေ့ရတာကြောင့် လူထုမှာ စိုးရိမ်မှုတွေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ လွတ်လပ်မှု ထိခိုက်နိုင်

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ ၀န်ထမ်းတွေကို ကြိုတင်မဲ အတင်းအကျပ် ကောက်ခံနေတာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်ဆိုပြီး SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲ အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။
“ကျနော် ၀င်ရောက်ယှဉ်ပြိုင်မယ့် သိန္နီမြို့နယ်မှာဆိုရင် ကြိုတင်မဲတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ကောက်ပြီးတော့ တရာမှာ တဆယ်၊ နှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ် စသဖြင့် ကြိုတင်မဲတွေ ထည့်ခိုင်းတယ်။ ကြိုတင်မဲထည့်တော့ ကျနော်တို့ကလည်း သွားပြီး ကြီးကြပ်ခွင့် မရှိဘူးလေ။ သိန္နီမြို့နယ်မှာဆိုရင် ၂၇ ရက်နေ့က စတယ်။

(ဘီ)ပိုး

Thursday, August 27, 2009 
(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့် ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသည်း ကူးစက်ရောဂါ အပြင်းစား ဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါ အသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တစ်ကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ နူရာ ၀ဲစွဲဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးပါသလဲ မေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ သတိထား စေချင်တာက သွေးသာ မဟုတ်ဘဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်ပါတယ်။

မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့နောက် အပေါင်းလက္ခဏာ ဆောင်တဲ့ လမ်းကြောင်းနဲ့ ဆက်သွားအောင်လို့ အိမ်နီးချင်း တရုတ်နိုင်ငံကြီး အနေနဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှာ အင်္ဂါနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ ကုလ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အာရှဒေသဘက် ခရီးထွက်နေတဲ့ ဘန်ကီမွန်းက သူ့ရဲ့ ခရီးစဉ်တလျှောက် မြန်မာ့အရေးကို မကြာခဏ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

စီးပွားရေးကြောင့် ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား ပါတီ အရေးနိမ့်

အဂါင်္နေ့က ကျင်းပခဲ့တဲ့ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီ အကြီးအကျယ် အရေးနိမ့်သွားခဲ့တယ် ဆိုတာကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အသိအမှတ် ပြုလိုက်ပြီး တဆက်တည်းမှာပဲ ဒီမိုကရက်တွေရဲ့ ရှုံးနိမ့်မှုဟာ နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို လူတွေ အကြီးအကျယ် စိတ်ပျက်နေတယ်ဆိုတာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် အစည်းအဝေးမှာ စီးပွားရေး တိုးတက်မှုတွေ မြန်သင့်သလောက် မြန်အောင် မလုပ်နိုင်တာ သူ့မှာ တာဝန်ရှိပြီး သူ့အနေနဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ သဘောတူညီမှု ရနိုင်မယ့် အခြေခံ အခွင့်အလမ်းကောင်းတွေကို ရှာဖွေမယ်လို့သန္နိဋ္ဌာန်ချကြောင်း ပြောလိုက်ပါတယ်။

အမေရိကန်အတွက် အာရှမှာ အိန္ဒိယနိုင်ငံ အခရာကျ

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံဆီ သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အိန္ဒိယဟာ အာရှတိုက်မှာ အမေရိကန် ထိတွေ့ဆက်ဆံမှုရဲ့ အခြေခံ အုတ်မြစ်တခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
တဖြည်းဖြည်း ထွန်းတောက်လာနေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုအဖြစ် အိန္ဒိယရဲ့ အခန်းကဏ္ဍကို သူကြိုဆိုကြောင်းနဲ့ ထောက်ခံကြောင်း သမ္မတ အိုဘားမားက အိန္ဒိယ အခြေစိုက် PTI သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ တကယ်စစ်မှန်တဲ့ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးတခု ရအောင် တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စဟာ သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းဦးစားပေး အလုပ်တခု ဖြစ်တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲ ရီပတ်ဘလစ်ကန်တွေ အောင်ပွဲခံ

အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဂျွန် ဘေနာ။
ဓာတ်ပုံ AP- အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဂျွန် ဘေနာ။ နိုဝင်ဘာ ၃၊ ၂၀၁၀။
မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက လွှတ်တော် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်က သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို လွှမ်းမိုး အနိုင်ရလိုက်ပါပြီ။
တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်း ကျပ်တည်းလာမှုတွေနဲ့ အစိုးရရဲ့ အသုံးစရိတ်တွေကို မကျေမနပ် ဖြစ်နေကြတဲ့ မဲဆန္ဒရှင် အမေရိကန် နိုင်ငံသားတွေက အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်ကို ထောက်ခံခဲ့ကြတာပါ။

မီးရထား ဒု-၀န်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ

By နိုင်ကွန်းအိန် ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010

စစ်အစိုးရက ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့် မီးရထား ဒု-ဝန်ကြီး ဦးဖေသန်းဟာ FRC ခေါ် ဧည့်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပယ်ချခံခဲ့ရတဲ့အပေါ် စိတ်ပျက်မှု ရှိသလို အယူခံ မဝင်တော့ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ စစ်အစိုးရ လက်အောက်မှာ တိုင်းပြည်အတွက် အကြီးတန်းတာဝန် ထမ်းဆောင်နေပေမဲ့ လူမျိုးအရ ခွဲခြားမှု ရှိနေဆဲလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖေသန်းဟာ ဧည့်နိုင်ငံသား ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် အောက်တိုဘာလလောက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ ၎င်းနဲ့ နီးစပ်သူ မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် နိုင်ဝဏ္ဏကြီးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို အတည်ပြု ပြောဆိုပါတယ်။

နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010

နိုဝင်ဘာ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲရက်အတွင်း မြန်မာနိုင်ငံတလွှား မြို့နေရာ အတော်များများမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ မဲပေးမှုတွေကို သွားရောက် လေ့လာနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးနေပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး မဲရုံပေါင်း ၃၀,၀၀၀ ကျော်က အခြေအနေ အရပ်အရပ်ကို စောင့်ကြည့်ဖို့ မဖြစ်နိုင်တာအပြင် ရွေးကောက်ပွဲရက် တရက်တည်း လေ့လာရုံနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ အကဲဖြတ်ဖို့ ခက်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတ၀န်းက မြို့နေရာ ၂၀ နီးပါးမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ ရွေးကောက်ပွဲ မဲပေးမှုကို သွားရောက်လေ့လာ သတင်းယူနိုင်ဖို့ အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို အာဏာပိုင်တွေက ခွင့်မပြုခဲ့သလို ပြည်တွင်းမှာလည်း သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှု အစုအဖွဲ့တွေ အားနည်းတာကြောင့် ရွေးကောက်ပွဲ မဲပေးမှုတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာကို အဲဒီ သံတမန်တွေ၊ သတင်းထောက်တွေ ပါတဲ့ လေ့လာရေး အဖွဲ့တွေရဲ့ သုံးသပ်ချက်၊ သတင်းပေးချက်တွေ အပေါ်မှာပဲ မှီရမယ့် အနေအထား ဖြစ်နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး

By ဦးကျော်ထင် ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010

ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ဟာ မဲပေးရေးဆိုင်ရာ ပညာပေးမှုတွေလုပ်ရင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တိုက်တွန်းလာသလို ကြိုတင်မဲတွေကလည်း အဲဒီပါတီအတွက်ဖြစ်ဖို့ စည်းရုံးရေးမှူးတွေက နည်းမျိုးစုံနဲ့ လုပ်လာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ကြံ့ဖွံ့ပါတီလို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွက် မြို့နယ်၊ ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပါတီစည်းရုံးရေးမှူးတွေက တက်သုတ်ရိုက် မဲဆွယ်လာပါတယ်။ မိုးကောင်းမြို့နယ်မှာတော့ ကော်မရှင်က ရွေးကောက်ပွဲ သရုပ်ပြရင်း ကြံ့ဖွံ့ပါတီကို မဲပေးကြပါလို့ ပြောဆိုနေပါတယ်။

Wednesday, November 3, 2010

အသည်းသမားတို့အတွက် သင့်တင့်သော LifeStyle


အသည်းရောင် အသားဝါရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည် အသည်းရောဂါတစ်ခုပါ။ ဘီပိုးဝင်တိုင်း နာတာရှည် အသည်းရောင်တဲ့အဆင့်ကို မရောက်ပေမယ့် အသည်းရောင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး သေဆုံးသူတွေလည်း မနည်းပါဘူး။ အသည်းရောင်အသားဝါဘီ ရောဂါဟာ သူ့ကြောင့် မသေအောင် ထိန်းသိမ်းကုသနိုင်တဲ့အဆင့်ကို ရောက်လို့နေပါပြီ။ သို့သော်လည်း ဆေးကုသ ကုန်ကျစရိတ်တွေက များပြားတာကြောင့် မြန်မာပြည်သူ အများစုကတော့ လက်လှမ်းမမှီနိုင်သေးပါ။ ဒါ့ကြောင့် ဆေးမကုနိုင်ရင်လည်း အတတ်နိုင်ဆုံး ကျန်းမာအောင် နေနည်းတွေနဲ့ ဆေးသောက်သူတွေမှာ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ စီးပွားရေး ပြဿနာ အဓိကကျ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 02 နိုဝင်ဘာ 2010 အမေရိကန်နိုင်ငံမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေကို အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရစေနိုင်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ အာဏာကို တရားမျှတအောင် ထိန်းထားတဲ့ ချိန်ခွင်လျှာကို တခြားပါတီဘက်ကို စောင်းသွားစေနိုင်တဲ့ ရွေးကောက်ပွဲ တခုကို အမေရိကန် ပြည်သူတွေ မဲဆန္ဒ ပေးခဲ့ကြပါတယ်။
ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။

(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)

ဆိုင်ကလုံး ဂီရိ အပျက်အစီး ခန့်မှန်းချက်

By Liza Schlein's Report in Burmese အင်္ဂါ, 02 နိုဝင်ဘာ 2010

ဂီရိ ဆိုင်ကလုံးဒဏ်သင့် မြေပုံမြို့နယ်မှ အပျက်အစီးအချို့။
ဓာတ်ပုံ AP-ဂီရိ ဆိုင်ကလုံးဒဏ်သင့် မြေပုံမြို့နယ်မှ အပျက်အစီးအချို့။ အောက်တိုဘာ ၂၄၊ ၂၀၁၀။
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက်မှာ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ကြတဲ့ သောင်းနဲ့ချီ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့တွေက အပူတပြင်း ဆောင်ရွက်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ သုံးသပ်ချက် တခုအရ ဂီရိမုန်တိုင်းကြောင့် ကျယ်ကျယ်ပြန့်ပြန် အပျက်အစီးတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးနိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့တွေ ဆောင်ရွက်နေကြတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဇာ ရှလိုင်း (Liza Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လွှတ်တော်တွင်း ဒီမိုကရက် လွှမ်းမိုးမှု စိန်ခေါ်ခံရပြီ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 02 နိုဝင်ဘာ 2010

အမေရိကန်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲကို ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပတာမို့ ပြည်နယ် အများအပြားမှာ မဲပေးနေကြပြီ ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြု ပြဋ္ဌာန်းမှု ဆိုင်ရာတွေဟာ ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
နိုင်ငံတ၀န်း မဲပေးသူတွေဟာ အစိုးရကျောင်းတွေ၊ လူထုစုဝေးရာ ခန်းမကြီးတွေမှာ မဲပေးဖို့အတွက် တန်းစီနေကြပါတယ်။ အများပြည်သူ ရုံးပိတ်ရက်မဟုတ်တဲ့ အင်္ဂါနေ့မှာပဲ မဲပေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။
မကြာခင်ကမှ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ရီပတ်ဘလီကန် ပါတီက အများစု အမတ်ရပြီး ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အမတ်နေရာ ၃၉ နေရာကို ရီပတ်ဘလီကန်တွေ ရနိုင်ခြေရှိကြောင်း ပြသနေပါတယ်။ အကဲခတ် စောင့်ကြည့်သူ အများအပြားကတော့ ရီပတ်ဘလီကန် ပါတီဝင်တွေဟာ အမတ်နေရာ ၅၀၊ ဒါမှမဟုတ် ဒီ့ထက်ပိုပြီး ရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာရွေးကောက်ပွဲကာလ လုံခြုံရေး တင်းကျပ်

By မသင်းသီရိ အင်္ဂါ, 02 နိုဝင်ဘာ 2010

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လာမယ့် တနင်္ဂနွေနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် မြန်မာစစ်အစိုးရ ရုံးစိုက်ရာ ပျဉ်းမနား နေပြည်တော်မှာ မနေ့ကစလို့ လုံခြုံရေးတွေ ပိုပြီး တိုးမြှင့်ချထားသလို မြို့အ၀င်အထွက် ကားတွေကိုလည်း အတော်လေး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အလားတူ ရန်ကုန်မှာလည်း ဒီရက်ပိုင်းတွေအတွင်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပြီး ဒါဟာ ၅ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်လို့ ခန့်မှန်းကြပါတယ်။ ဒီလုံခြုံရေး အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။ မနေ့လောက်ကတည်းက စလို့ နေပြည်တော်နဲ့ ပျဉ်းမနားမြို့ အတွင်းမှာ နေ့ဘက်ဆိုရင် လုံခြုံရေးတွေဟာ ၀တ်စုံအပြည့်၊ ကားပေါ်မှာလည်း အင်အားအပြည့်နဲ့ မြို့တွင်း လှည့်လည်နေကြတာတွေ ပိုတွေ့လာရတယ်လို့ ပျဉ်းမနားမြို့ခံတွေက ပြောပါတယ်။ နေပြည်တော်ကို ၀င်လာကြတဲ့ နယ်ကားတွေကိုလည်း စစ်ဆေးရေး ဂိတ်တွေမှာ နေ့ဘက်ရော ညဘက်တွေမှာပါ အတော်လေး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ပျဉ်းမနားမြို့ခံ တဦးက ပြောပါတယ်။

ကြာအင်းဆိပ်ကြီး မဲပေးခွင့် ဆုံးရှုံးမှု လူ ၂၀၀ ကျော် ဆန္ဒပြ

By နိုင်ကွန်းအိန် အင်္ဂါ, 02 နိုဝင်ဘာ 2010 မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ပြည်တွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ၊ မဲရုံမသွားရေး၊ မဲမထည့်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ ရှိနေပေမဲ့ တိုင်းရင်းသားဒေသ တချို့မှာတော့ မဲပေးခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က ရွာသား ၁၀ဝ ကျော်ဟာ သူတို့အနေနဲ့ နိုင်ငံသား ဖြစ်ပေမဲ့လည်း မဲပေးပိုင်ခွင့် မရရှိဘဲ မဲပေးပိုင်ခွင့် ဆုံးရှုံးတဲ့အပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို ဆန္ဒပြမှုဟာ အတိုင်းအတာ တခုအထိ ထိရောက်မယ်လို့ ယုံကြည်နေသလို ဒီဆန္ဒပြပွဲဖြစ်အောင် ရွာထဲက နိုင်ငံရေး စိတ်ဝင်စားမှုရှိတဲ့ သူတွေကပဲ ဦးစီး လုပ်ဆောင်ခဲ့တယ် လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ တံတားဦးကျေးရွာ အုပ်စုက ရွာပေါင်း ၄ ရွာက မဲဆန္ဒပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့ ရွာသား ၁၀ဝ ကျော်ဟာ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ စောတပစဲက အခုလို ပြောပါတယ်။

မုန်တိုင်းသင့်နယ်မြေ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်သေး

By ဦးသားညွန့်ဦး အင်္ဂါ, 02 နိုဝင်ဘာ 2010 ဂီရိ ဆိုင်ကလုံးဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်အတွင်း ကျေးရွာတွေမှာ စီစဉ်ထားတဲ့အတိုင်း အခု နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွေ လုပ်သွားမယ်ဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အခြေအနေမျိုး မရနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်မယ့် ရခိုင်ပါတီတခုက ပြောလိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့် ပြည်သူတွေဟာ အိုးအိမ်တွေ ပျက်စီးကုန်ပြီး ဘေးလွတ်ရာမှာ ခိုလှုံနေရတဲ့ အခြေအနေမို့ မဲရုံတွေကို သွားရောက် မဲပေးနိုင်မယ့် အခြေအနေလည်း မရှိဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
တကယ်တော့ မုန်တိုင်းအခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ရှုပ်ထွေးနေတဲ့ အဲဒီဒေသအတွင်း ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့ပြီးသားပါ။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့ ၄ ရက်သာကျန်တဲ့ အချိန်အထိ ဘာအကြောင်းပြန်ချက်မှ မရဘဲ အခုအတိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမယ့် လက္ခဏာ တွေ့နေရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးအေးမောင်က ပြောပါတယ်။

မဲမပေးဘဲ နေနိုင်ခွင့် လှုပ်ရှားမှု တိုးမြင့်လာ

By ဦးသားညွန့်ဦး အင်္ဂါ, 02 နိုဝင်ဘာ 2010
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေး ပါတီတွေက အပြိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲကို မဲမပေးလိုရင်လည်း မပေးပိုင်ခွင့် ရှိတယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတချို့လည်း ရှိနေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှု တစိတ်တပိုင်းလို့ ပြောနိုင်ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အထိန်းသိမ်း ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အနေနဲ့ မိမိတို့ နှစ်သက် ထောက်ခံတဲ့ပါတီ မပါလို့ မဲမပေးချင်ဘူး ဆိုရင်လည်း မဲမပေးဘဲ နေနိုင်ခွင့်ရှိတယ် ဆိုတဲ့ စကားကို အခြေခံပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒီရက်မတိုင်ခင် ကတည်းက ရန်ကုန်နဲ့ အခြား နယ်မြို့အချို့မှာ လှုပ်ရှားခဲ့ကြတာ ဖြစ်ပေမဲ့ အခု နိုဝင်ဘာ ၁ ရက်ကစပြီး ဒီလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်လာပါတယ်။

Tuesday, November 2, 2010

ရွေးကောက်ပွဲကာလ အင်တာနက် ခက်ခဲ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို မြန်မာနိုင်ငံမှာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်တဲ့ ကွန်ပြူတာ အင်တာနက် ဆက်သွယ်မှု အလွန်နှေးကွေးပြီး အနှောင့်အယှက်တွေနဲ့ ကြုံတွေ့နေရပါတယ်။
မြန်မာနိုင်ငံ စီးပွားရေး အချက်အချာမြို့တော် ရန်ကုန်က အင်တာနက် ကဖေးတွေကို ပိတ်ထားရပြီး ဟိုတယ်တွေ၊ လေယာဉ်လိုင်းတွေ၊ လူနေဆောင်တွေနဲ့ သတင်းဌာနတွေရဲ့ အင်တာနက်ကိုပါ ထိခိုက်စေတယ်လို့ Weekly Eleven News စာစောင်မှာ ဖော်ပြထားပါတယ်။

Monday, November 1, 2010

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် တရုတ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဆွေးနွေး

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 31 အောက်တိုဘာ 2010 မြန်မာစစ်အစိုးရ လက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲ ကိစ္စကို တရုတ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (Yang Jiechi) တို့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိစ္စ၊ နျူကလီးယားလက်နက် မပြန့်ပွားရေးကိစ္စ၊ ကိုရီးယား ကျွန်းဆွယ်ကိစ္စ စတဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

ဗီယက်နမ်မှာ နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက်မည်

အလျှင်အမြန် ကြီးထွားနေတဲ့ စီးပွားရေးအတွက် ဂျပန်နဲ့ ရုရှား အကူအညီကိုယူပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်မယ်လို့ ဗီယက်နမ်က ပြောပါတယ်။
ဗီယက်နမ်မှာ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂ နိုင်ငံပေါင်းပြီး ဆောက်လုပ်မယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒန်း (Nguyen Tan Dung) နဲ့ ဗီယက်နမ်ကို ရောက်နေတဲ့ ဂျပန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) တို့က တနင်္ဂနွေနေ့က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံက ရှားပါး သယံဇာတ တူးဖော်ရေးမှာ အတူတွဲလုပ်ဖို့ ဗီယက်နမ် အစိုးရက ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီသဘောတူချက်ဟာ ဂျပန်နဲ့ ဗီယက်နမ်ကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကြမယ့် လက္ခဏာ ဖြစ်တယ်လို့လည်း ဂျပန်ကြီးချုပ် နာအိုတို ကန်က ပြောခဲ့ပါတယ်။

မြန်မာရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ သြစတြေးလျ တောင်းဆို

By ကိုရန်နိုင် တနင်္ဂနွေ, 31 အောက်တိုဘာ 2010
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်။
ဓာတ်ပုံ AP သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်။ ဇွန် ၂၃၊ ၂၀၁၀။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာ အလွန်အမင်း သံသယ ဖြစ်မိတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ရယူဖို့ နိုင်ငံခြား သံတမန်တွေနဲ့အတူ စစ်အစိုးရ အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေက သတင်းထောက်တွေကိုလည်း စာပေစိစစ်ရေးက စီစဉ်ပေးတဲ့ကားနဲ့ မဲရုံတွေကို သွားရောက် သတင်းယူရမှာ ဖြစ်ပါတယ်။ မဲရုံထဲမှာလည်း ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ သတင်းထောက်တွေကို သတင်းယူခွင့် ထိန်းချုပ်လိုက်တာကြောင့် ရွေးကောက်ပွဲ သတင်းတွေ မှန်မှန်ကန်ကန် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

Friday, October 29, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား


Myanmar's-military-junta-leader,-General-Than-Shwe
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
ဦးဌေးဦးက“ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး”ဟု ဆိုသည်။

ဧ၀ရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 အောက်တိုဘာ 2010 တောင်တက်သူတွေ အနေနဲ့ မကြာခင်မှာဘဲ ဧ၀ရက်တောင်ပေါ်ကနေ Tweeter လူမှုကွန်ယက် စာမျက်နှာပေါ်ကတဆင့် ဆက်သွယ် စကားပြောနိုင်တော့မယ်လို့ သိရပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ ကျော် အမြင့်မှာရှိတဲ့ ဧ၀ရက် တောင်ခြေစခန်းနဲ့ အနီးတ၀ိုက်ကို Scandinavian telecom company တခုဖြစ်တဲ့ TeliaSornera နဲ့ နီပေါ အခြေစိုက် Nepal Ncell တို့က ကြာသပတေးနေ့က 3G mobile phone ဆက်သွယ်ရေး စနစ်ကို ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဧ၀ရက်တောင်ထိပ်ကိုတော့ mobile ဆက်သွယ် အချက်ပြမှု မရောက်သေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်ကို နှစ်စဉ် တက်ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကို ဒီဆက်သွယ်ရေးစနစ်က ကူညီနိုင်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ တောင်တက်သမားတွေဟာ တန်ဖိုးကြီး ဂြိုဟ်တု ဆက်သွယ်ရေးဖုန်းတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)

အဲပုဂံကို မစီးရန် သပိတ်မှောက်

သန်းထိုက်ဦး Friday, 29 October 2010 13:34
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ 

Boycott-Air-Bagan-irrawaddy
ဆန္ဒပြမှု စတင်သည်နှင့် အဲပုဂံရုံးခွဲ တံခါးများကို ပိတ်လိုက်သည် (ဓာတ်ပုံ - ဧရာဝတီ)
















ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ တရုတ်တည်ဆောက်

တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာကို တည်ဆောက်လိုက်ပြီလို့ တရုတ်တို့ရဲ့ ကွန်ပြူတာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
Tianhe-1A ဒါမှမဟုတ် Milkay Way လို့ နာမည်ပေးထားတဲ့ တရုတ် စူပါကွန်ပြူတာဟာ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ကျင်းမြို့က အမျိုးသား စူပါကွန်ပြူတာဌာနမှာ ရှိနေပါတယ်။
Tianhe-1A စူပါကွန်ပြူတာဟာ အမြန်နှုန်း ၂.၅၀၇ petaflops ထိ စွမ်းဆောင်ရည် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းဟာ တစက္ကန့်ကို တွက်ချက်မှုပေါင်း ၂,၅၀၇ ထရီလီယန် လုပ်နိုင်တဲ့နှုန်းနဲ့ ညီမျှပါတယ်။
အဲဒါကြောင့် လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာအဖြစ် စံချိန်တင်ထားတဲ့ ကွန်ပြူတာထက် ၁.၄ ဆ ပိုမြန်ပါတယ်။ လက်ရှိ အမြန်ဆုံး စူပါကွန်ပြူတာဟာ အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ Oak Ridge အမျိုးသား ဓာတ်ခွဲခန်းမှာရှိတဲ့ အမေရိကန် စွမ်းအင်ဌာနရဲ့ Cray XT5 “Jaguar” ဆိုတဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။

Thursday, October 28, 2010

မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်ခဲ့တဲ့ သူတွေဟာ ဘယ်သူလဲဆိုတာ စုံစမ်းသိရှိခဲ့ပြီလို့ ပြောပါတယ်။ အခုလို ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်တဲ့ သူတွေဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကဖြစ်ပြီး ဒီကိစ္စကို ပြည်နယ်ကော်မရှင်ရုံးမှာ ဒီနေ့ပဲ စာတင်လိုက်တယ်လို့ ဦးမာခါးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
မြစ်ကြီးနားမြို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကိုယ်စားလှယ်လောင်း ဦးမာခါးက ပါတီရဲ့ ရည်ရွယ်ချက်တွေကို ရေးသားပြီး သံမှိုနဲ့ အခိုင်အမာ ရိုက်ကပ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အဖွဲ့က ဖြုတ်လိုက်တာလို့ ဦးမာခါးက ပြောပါတယ်။

ရွေးကောက်ပွဲနေ့ နှောင့်ယှက်လျှင် အစစ်အဆေးမရှိ ထောင်ချမည်

ဆက်နိုင် Thursday, October 28, 2010

ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့သည် တနင်္ဂနွေနေ့ ဖြစ်သော်လည်း တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး မဲရုံများတွင် ရမ်းကား နှောင့်ယှက်မှုများ ပေါ်ပေါက်လာပါက အစစ်အဆေး အမေးအမြန်းမရှိ ထောင်ချမည်ဟု သတင်းရရှိ သည်။

ရှမ်းပြည်နယ်မှ မြို့နယ် တရားသူကြီး တဦးက “အဲဒီနေ့ အမှုအခင်းတွေဖြစ်လာရင် အမေးအမြန်းမရှိ၊ တခါတည်း ထောင်ချ ပစ်မှာ။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တရားရုံးတွေအားလုံး ဖွင့်လှစ်ဖို့ မှာထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

By တိုင်းရင်းသား သတင်းလွှာ ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ကျွန်မက နူးပန်ပါ၊ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်
ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြီး မကြာခင်မှာပဲ မွန်ပြည်သစ် ပါတီရဲ့ မြို့ပေါ်ရုံး ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့ အာဏာပိုင်တွေက တောင်းဆိုလာတယ်လို့ မွန်ပြည်သစ် ပါတီဝင် တဦးက ပြောပါတယ်။
မော်လမြိုင်၊ ရေးနဲ့ သံဖြူဇရပ်မြို့တွေက “မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ခိုင်းတာဖြစ်ပြီး ရေးမြို့က ဆိုင်းဘုတ်ကိုတော့ မွန်ပြည်သစ်ပါတီက ဖြုတ်ပေးလိုက်ပြီလို့ ပြောပါ တယ်။
မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရတောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် (ပြည်သူ့စစ်) အဖြစ် အသွင်ပြောင်းရေးနဲ့ လက်နက်စွန့်ရေး အစီအစဉ်ကို ငြင်းပယ်ထားတဲ့အပြင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း မထောက်ခံကြောင်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လွယ်လင်မြို့ နယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒမဲ အလွတ်တွေပေါ်မှာ လက်မှတ်ရေးထိုးခိုင်း
ရှမ်းပြည်တောင်ပိုင်း မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ထောင်ချီတဲ့ မဲလက်မှတ်အလွတ်တွေ ပေါ်မှာ မဲရုံမှူးတွေကို လက်မှတ်ထိုးခိုင်း ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မဲရုံမှူး တယောက်က ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ

By မသင်းသီရိ ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ဗြိတိန်အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ရဲ့ မူဝါဒတွေဟာ အရင်ကအတိုင်း ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ NLD ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံချိန် အခုလို ဗြိတိန်အစိုးရရဲ့ သဘောထားကို ပြောပြခဲ့တာ ဖြစ်သလို NLD ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန် ယာယီ သံရုံးတာဝန်ခံနဲ့ NLD ခေါင်းဆောင်တို့ ဒီနေ့ တွေ့ဆုံခဲ့ကြပါသေးတယ်။ ရခိုင်ဒေသက ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရရဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို လာပို့ရင်း အခုလို မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

By Dan Robinson's Report in Burmese ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ရှေ့လထဲ အာရှ ၄ နိုင်ငံဆီ ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ မရှိသေးသလို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယူဆတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ဒန် ရော်ဘင်စင် (Dan Robinson) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

တရားမျှတမှုရှိမရှိ ဆန်းစစ်ကြည့်ကြစို့

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ရွေးကောက်ပွဲလို့ ဆိုလိုက်တိုင်း ဒီမိုကရေစီအတွက်လို့ ယုံရမှာလား။ ဒီမိုကရေစီ တရပ် ကို ပြောင်းဖို့ဆိုတိုင်းလည်း ရွေးကောက်ပွဲကျင်းပပြီးမှ ပြီးပြည့်စုံမှာတဲ့လား။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ဦးတည်တာနဲ့ပဲ ရွေးကောက်ပွဲဆိုတိုင်း မျက်စိစုံမှိတ် ယုံစရာမလို ပါဘူး။ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ တရားမျှတရဲ့လား၊ လွတ်လပ်သန့်ရှင်းမှု ရှိရဲ့ လား။ ဆန်းစစ်ကြည့်သင့်တာပေါ့။
အောက်တိုဘာ ၈ ရက်၊ ညပိုင်း ရုပ်မြင်သံကြားအစီအစဉ်ကနေ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဟောပြောမှုမှာ ၎င်းတို့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဌေးဦးကိုယ်တိုင် ပြောသွားတာလေး ကြည့်ကြရအောင်ဗျာ။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်

ရဲရင့်   /   ၂၇ အောက်တိုဘာ ၂၀၁၀


လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။

Wednesday, October 27, 2010

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အချိန်မနှောင်းဟု ဘန်ကီမွန်းပြော

 ဧရာဝတီ Tuesday, October 26, 2010
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခု ကျင်းပရန် အချိန်မနှောင်း သေးကြောင်း ယနေ့ ပြောဆို လိုက်သည်ဟု သိရှိရသည်။

BK_ban
မြန်မာ့အရေးတွင် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ ထိရောက်မှုမရှိခြင်းအပေါ် ဘန်ကောက်မြို့ကုလသမဂ္ဂ ရုံးရှေ့၌ ယနေ့ ဆန္ဒပြနေကြသည့် မြန်မာ့အရေး လှုပ်ရှားသူများ (ဓာတ်ပုံ - Getty Image)
မစ္စတာ ဘန်ကီမွန်းက“မြန်မာ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီ ရွေးကောက်ပွဲက စစ်အစိုးရအတွက် စာမေးပွဲတခုလို ဖြစ်နေပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက် အတိုင်း စစ်အစိုးရ အနေနဲ့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အများကလက်ခံနိုင်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို အသေးစိတ်

Tuesday, October 26, 2010

မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ

By ဦးကျော်အောင်လွင် တနင်္လာ, 25 အောက်တိုဘာ 2010

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာစစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းပြီး အသစ်ပြောင်းလဲ သုံးစွဲလိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံနဲ့ တပုံစံတည်း ဖြစ်နေလို့ NCGUB ဘက်က အံ့သြနေပါတယ်။ ဒီအလံကို လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက NCGUB က သုံးစွဲခဲ့တာပါ။ အလံတူနေတဲ့အတွက် နိုင်ငံတော်အလံ အသစ်ကို NCGUB ဘက်က ထောက်ခံသွားမှာ မဟုတ်သလို သူတို့အစိုးရ အဖွဲ့ရဲ့ အလံကိုလည်း ပြောင်းလဲလိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ


ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

Monday, October 25, 2010

ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

By မခွာညို တနင်္ဂနွေ, 24 အောက်တိုဘာ 2010

ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ 
ဓာတ်ပုံ ASSOCIATED PRESS
ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ အောက်တိုဘာ ၂၃၊ ၂၀၁၀။

ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလား ပင်လယ်အော်မှာ ဗဟိုပြုပြီး မြန်မာနိုင်ငံထဲကို ဆိုင်ကလုံးမုန်တိုင်း ပြင်းပြင်းထန်ထန် ၀င်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ်သွားခဲ့တာပါ။

ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး

By ကျော်ကျော်သိန်း စနေ, 23 အောက်တိုဘာ 2010
ရခိုင်ကမ်းမြောင်ဒေသမှာ အပြင်းအထန် တိုက်ခတ်သွားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ထဲမှာ ကျောက်ဖြူမြို့လည်း အပါအ၀င်ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက် ၆ နာရီပတ်ဝန်းကျင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ မိုးရွာတာလည်းရပ်၊ လေလည်း ငြိမ် သွားပြီဖြစ်ပေမဲ့ ရေကတော့ ကြီးနေဆဲပဲလို့ မြို့ခံကပြောပါတယ်။

“မိုးရွာ လေတိုက်တာကတော့ မရှိတော့ဘူးခင်ဗျ။ ဒါပေမဲ့ ရေက မြို့ကို ပတ်ပတ်လည် ၀ိုင်းပြီး ဆည်ထားတဲ့ တာတမံဘောင်တွေ ကျိုးသွားတဲ့အတွက် စေတီတောင်ကွင်းတို့၊ ----- ကွင်း ရပ်ကွက်တို့ဆိုတာတွေမှာ ရေတွေမြုပ်နေပါတယ်။”