မျှော်လင့်ချက်များ

  • ကျနော့်ပထမဆုံး တင်ပြချင်တဲ့ မျှော်လင့်ချက်ကတော့ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးရချင်တာပါပဲ။ ကျနော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ဒီနေ့အထိ မရပ်စဲနိုင်သေး ပါဘူး။ ပြင်းပြင်းထန်ထန် ဖြစ်တာနဲ့ အနည်းငယ်လျော့ပါးသွားတာပဲကွာတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တိုင်းပြည် မွဲတေ သွားရတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တွေ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ လျော့ပါး ခဲ့ကြတယ်။ လူတယောက်နဲ့ တယောက် တန်ဖိုးထားမှုတွေ လည်း လျော့ပါးခဲ့ကြတယ်။ ကျနော်တို့  မသိလိုက်မသိဘာသာ နေခဲ့ကြပေမဲ့ ကျနော်တို့ ဗမာပြည်မှာ တယောက်နဲ့ တယောက်လေးစားမှုတွေ လျော့ပါးခဲ့တာလဲ ဒီစစ်ကြောင့်ပါပဲ။  
  •  
  •  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်ရင် ဒီစစ်ကိုအရင်ဆုံးရပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စရမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်တယ်လို့ ဘယ်လောက်အာဘောင်အာရင်း သန်သန် နဲ့ပြောပြော ပြည်တွင်းစစ် ကို ကိုယ်ကျိုးစီးပွား အတွက် ရှိနေစေချင်တဲ့ သူတိုင်းဟာ တိုင်းပြည် အောက်တန်းကျရေး ကိုဆောင်ရွက်နေတာ သာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့ အာသီသ ပြင်းပြစွာ မျှော်လင့်မိပါတယ်။