Friday, December 23, 2011

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၊ တိုးပွားမည့် လူဦးရေအတွက် လိုအပ်ပါက မြို့တော်နယ်နိမိတ်အား ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး PDF Print
Sunday, 18 December 2011 10:57
AddThis Social Bookmark Button
  ရန်ကုန်မြို့တော်အား ပြုပြင် ဖွံ့ဖြိုးစေမည့် Yangon City Concept Plan (2040) ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဌာန ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပူးပေါင်း၍ စာတမ်း၂၅ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် ရေတိုအနေဖြင့် ရန်ကုန်မြို့တော်၏ လူနေကျဲပါးသည့် နေရာများတွင် လူနေထူထပ် ဖွံ့ဖြိုးလာအောင် ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါကမူ မြို့ဧရိယာအား ထပ်မံချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်းကို စာတမ်းရှင်အချို့က တင်ပြဆွေးနွေးခဲ့ကြသည်။

လက်ရှိအနေအထားအရ ရန်ကုန်မြို့နေ လူထုအတွက် အိမ်ရာဖြင့် နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရ . . .

7122a
ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ်
အခြေခံအိမ်ယာ လိုအပ်ချက် ဘယ်လိုရှိမလဲ
၂၀၀၀ ပြည့်နှစ်က ရန်ကုန်မြို့၏ လူဦးရေမှာ လေးသန်းနီးပါးခန့်သာရှိပြီး လက်ရှိတွင် ငါးသန်းကျော် မှ ခြောက်သန်းနီပါးအထိ တိုးပွားလာရာ အဆိုပါလူဦးရေအတွက် အခြေခံအိမ်ယာ လိုအပ်ချက်မှာလည်း အဓိကအရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိအနေအထားအရ ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာဖြင့်နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရသည်ဟု သိရသည်။

Thursday, June 9, 2011

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

E-mail Print PDF

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။

အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။

Thursday, June 2, 2011

တကယ်ကိုယ်စားပြုနိုင်သလား?

ဒီနေ့ ကျနော့် အနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာကို ဆွေးနွေးချင်တယ်ဗျာ။
လူ ၂၀ လောက်ရှိတဲ့ ရုံး တရုံးမှာ ခင်ဗျားလုပ်တာ ကို လူ ၁၇ ယောက်က ထောက်ခံတယ်။ ကျန်တဲ့ ၃ ယောက်က တော့ ဆန့်ကျင်တယ် ဆိုပါစို့-----

အဲ့ဒါဟာ ရာခိုင်နှုန်းနဲ့ တွက်ရင် (၈၅%) က ခင်ဗျားကို ထောက်ခံတာပေါ့။ လက်ရှိနိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်တွေနဲ့ပြောရရင် ဒါဟာ ထောက်ခံမှု အရမ်းကို မြင့်တဲ့အခြေအနေပါ။ ကျန်တဲ့ ၁၅ % ကို မငဲ့ကွက်ပဲ ခင်ဗျား လုပ်စရာရှိတာတွေကို လုပ်ရင်တောင်--- ပြဿနာမရှိလောက်တဲ့ အခြေအနေပဲလို့ တွက်ဆကြလိမ့်မယ်-----

Wikipedia (၀ီကီပီးဒီးယား) စွယ်စုံကျမ်းမှာ ဖေါ်ပြတဲ့ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ဟာ ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းခြေအားဖြင့် (၅၅) သန်းကျော်တယ်။ ဒီနှုန်းအတိုင်း ထောက်ခံရင်တောင်မှ ခင်ဗျားကို မထောက်ခံတဲ့ သူ ၁၅ % ဆိုတာ ဟာ ၇. ၅ သန်းလောက်ရှိတယ်----

နော်ဝေ၊ စင်္ကာပူနဲ့ နယူး ဇီလန်နိုင်ငံတွေရဲ့ လူဦးရေ ဟာ ၄ သန်းကျော်ပဲ ရှိကြတယ်။ ဒါဆိုရင် ၇.၅ သန်း ခင်ဗျားကို မထောက်ခံတာ ဟာ ပြဿနာမရှိဘူးလား---

ထားပါတော့ ဘေးချိတ်လိုက်မယ်။ ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေ က ၈၅ % နဲ့ တွက်ရင် (၄၇) သန်းလောက်ရှိတယ်။ ဒီ (၄၇) သန်း ကို ခင်ဗျား တကယ်ကိုယ်စားပြုနိုင်မယ်လို့ရော ခင်ဗျား ထင်မိသလား။ ဒါတောင် ထောက်ခံမဲတွေက မဲလိမ်ထားတာ၊ မဲခိုးထားတာ၊ အတင်း အဓမ္မ ဖိအားနဲ့ ထည့်ခိုင်းထားတာ ဆိုရင် တကယ်တန်း ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေက လျော့ကျသွားဦးမှာ-----

ပြည်သူလူထုက ရာနှုန်းပြည့်ထောက်ခံ တယ် ဆိုရင်တောင်မှ ခင်ဗျားက ပေးထားတဲ့ ဂတိတွေအတိုင်း တကယ် ပြန်လည်ဆောင်ရွက်ပေးနိုင်ပါ့မလား ဆိုတာ စဉ်းစားကြည့်ဖို့ မလိုဘူးလား-----------

Thursday, January 13, 2011

ဆာမူရိုင်းနိုင်ငံတော်

  • လွတ်လပ်တဲ့
        ဆာမူရိုင်းနိုင်ငံတော်ကို
        ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

  •    ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
  •    ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
           ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
           ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ

  • မိန်းမဆိုတာ
        ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
        အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ

  • ဆာမူရိုင်းနိုင်ငံတော်မှာ
        ချစ်ခြင်းမေတ္တာမရှိ

        လိင်စိတ်နဲ့
        သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။

“အဆီယစ်နေသူများ”

ပြည်သူ့ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
...ဆုံးမနေပါလား ဟေ့။

ဗိုက်အပြည့် စားသောက်နေရသူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဘို
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ ။

(ဗားတော့ဗရက်)
“တင်မောင်အေး” ဘာသာပြန်သည်။