Thursday, October 28, 2010

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

By တိုင်းရင်းသား သတင်းလွှာ ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ကျွန်မက နူးပန်ပါ၊ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။
မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်
ရွေးကောက်ပွဲကို မထောက်ခံကြောင်း ကြေညာချက် ထုတ်ပြီး မကြာခင်မှာပဲ မွန်ပြည်သစ် ပါတီရဲ့ မြို့ပေါ်ရုံး ဆိုင်းဘုတ်တွေ ဖြုတ်ပေးဖို့ အာဏာပိုင်တွေက တောင်းဆိုလာတယ်လို့ မွန်ပြည်သစ် ပါတီဝင် တဦးက ပြောပါတယ်။
မော်လမြိုင်၊ ရေးနဲ့ သံဖြူဇရပ်မြို့တွေက “မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ခိုင်းတာဖြစ်ပြီး ရေးမြို့က ဆိုင်းဘုတ်ကိုတော့ မွန်ပြည်သစ်ပါတီက ဖြုတ်ပေးလိုက်ပြီလို့ ပြောပါ တယ်။
မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရတောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် (ပြည်သူ့စစ်) အဖြစ် အသွင်ပြောင်းရေးနဲ့ လက်နက်စွန့်ရေး အစီအစဉ်ကို ငြင်းပယ်ထားတဲ့အပြင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း မထောက်ခံကြောင်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လွယ်လင်မြို့ နယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒမဲ အလွတ်တွေပေါ်မှာ လက်မှတ်ရေးထိုးခိုင်း
ရှမ်းပြည်တောင်ပိုင်း မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ထောင်ချီတဲ့ မဲလက်မှတ်အလွတ်တွေ ပေါ်မှာ မဲရုံမှူးတွေကို လက်မှတ်ထိုးခိုင်း ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မဲရုံမှူး တယောက်က ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ

By မသင်းသီရိ ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ဗြိတိန်အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ရဲ့ မူဝါဒတွေဟာ အရင်ကအတိုင်း ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ NLD ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံချိန် အခုလို ဗြိတိန်အစိုးရရဲ့ သဘောထားကို ပြောပြခဲ့တာ ဖြစ်သလို NLD ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန် ယာယီ သံရုံးတာဝန်ခံနဲ့ NLD ခေါင်းဆောင်တို့ ဒီနေ့ တွေ့ဆုံခဲ့ကြပါသေးတယ်။ ရခိုင်ဒေသက ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရရဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို လာပို့ရင်း အခုလို မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

By Dan Robinson's Report in Burmese ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ရှေ့လထဲ အာရှ ၄ နိုင်ငံဆီ ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ မရှိသေးသလို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယူဆတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ဒန် ရော်ဘင်စင် (Dan Robinson) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

တရားမျှတမှုရှိမရှိ ဆန်းစစ်ကြည့်ကြစို့

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010

ရွေးကောက်ပွဲလို့ ဆိုလိုက်တိုင်း ဒီမိုကရေစီအတွက်လို့ ယုံရမှာလား။ ဒီမိုကရေစီ တရပ် ကို ပြောင်းဖို့ဆိုတိုင်းလည်း ရွေးကောက်ပွဲကျင်းပပြီးမှ ပြီးပြည့်စုံမှာတဲ့လား။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ဦးတည်တာနဲ့ပဲ ရွေးကောက်ပွဲဆိုတိုင်း မျက်စိစုံမှိတ် ယုံစရာမလို ပါဘူး။ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ တရားမျှတရဲ့လား၊ လွတ်လပ်သန့်ရှင်းမှု ရှိရဲ့ လား။ ဆန်းစစ်ကြည့်သင့်တာပေါ့။
အောက်တိုဘာ ၈ ရက်၊ ညပိုင်း ရုပ်မြင်သံကြားအစီအစဉ်ကနေ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဟောပြောမှုမှာ ၎င်းတို့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဌေးဦးကိုယ်တိုင် ပြောသွားတာလေး ကြည့်ကြရအောင်ဗျာ။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်

ရဲရင့်   /   ၂၇ အောက်တိုဘာ ၂၀၁၀


လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။

Wednesday, October 27, 2010

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အချိန်မနှောင်းဟု ဘန်ကီမွန်းပြော

 ဧရာဝတီ Tuesday, October 26, 2010
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တခု ကျင်းပရန် အချိန်မနှောင်း သေးကြောင်း ယနေ့ ပြောဆို လိုက်သည်ဟု သိရှိရသည်။

BK_ban
မြန်မာ့အရေးတွင် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ ထိရောက်မှုမရှိခြင်းအပေါ် ဘန်ကောက်မြို့ကုလသမဂ္ဂ ရုံးရှေ့၌ ယနေ့ ဆန္ဒပြနေကြသည့် မြန်မာ့အရေး လှုပ်ရှားသူများ (ဓာတ်ပုံ - Getty Image)
မစ္စတာ ဘန်ကီမွန်းက“မြန်မာ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီ ရွေးကောက်ပွဲက စစ်အစိုးရအတွက် စာမေးပွဲတခုလို ဖြစ်နေပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက် အတိုင်း စစ်အစိုးရ အနေနဲ့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အများကလက်ခံနိုင်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို အသေးစိတ်

Tuesday, October 26, 2010

မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ

By ဦးကျော်အောင်လွင် တနင်္လာ, 25 အောက်တိုဘာ 2010

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာစစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းပြီး အသစ်ပြောင်းလဲ သုံးစွဲလိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အလံနဲ့ တပုံစံတည်း ဖြစ်နေလို့ NCGUB ဘက်က အံ့သြနေပါတယ်။ ဒီအလံကို လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက NCGUB က သုံးစွဲခဲ့တာပါ။ အလံတူနေတဲ့အတွက် နိုင်ငံတော်အလံ အသစ်ကို NCGUB ဘက်က ထောက်ခံသွားမှာ မဟုတ်သလို သူတို့အစိုးရ အဖွဲ့ရဲ့ အလံကိုလည်း ပြောင်းလဲလိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ


ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

Monday, October 25, 2010

ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

By မခွာညို တနင်္ဂနွေ, 24 အောက်တိုဘာ 2010

ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ 
ဓာတ်ပုံ ASSOCIATED PRESS
ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ အောက်တိုဘာ ၂၃၊ ၂၀၁၀။

ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလား ပင်လယ်အော်မှာ ဗဟိုပြုပြီး မြန်မာနိုင်ငံထဲကို ဆိုင်ကလုံးမုန်တိုင်း ပြင်းပြင်းထန်ထန် ၀င်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ်သွားခဲ့တာပါ။

ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး

By ကျော်ကျော်သိန်း စနေ, 23 အောက်တိုဘာ 2010
ရခိုင်ကမ်းမြောင်ဒေသမှာ အပြင်းအထန် တိုက်ခတ်သွားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ထဲမှာ ကျောက်ဖြူမြို့လည်း အပါအ၀င်ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက် ၆ နာရီပတ်ဝန်းကျင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ မိုးရွာတာလည်းရပ်၊ လေလည်း ငြိမ် သွားပြီဖြစ်ပေမဲ့ ရေကတော့ ကြီးနေဆဲပဲလို့ မြို့ခံကပြောပါတယ်။

“မိုးရွာ လေတိုက်တာကတော့ မရှိတော့ဘူးခင်ဗျ။ ဒါပေမဲ့ ရေက မြို့ကို ပတ်ပတ်လည် ၀ိုင်းပြီး ဆည်ထားတဲ့ တာတမံဘောင်တွေ ကျိုးသွားတဲ့အတွက် စေတီတောင်ကွင်းတို့၊ ----- ကွင်း ရပ်ကွက်တို့ဆိုတာတွေမှာ ရေတွေမြုပ်နေပါတယ်။”