By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 31 အောက်တိုဘာ 2010 မြန်မာစစ်အစိုးရ လက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲ ကိစ္စကို တရုတ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (Yang Jiechi) တို့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိစ္စ၊ နျူကလီးယားလက်နက် မပြန့်ပွားရေးကိစ္စ၊ ကိုရီးယား ကျွန်းဆွယ်ကိစ္စ စတဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။
ကျနော့်ရဲ့ မျှော်လင့်ချက်တွေ၊ အခြားလူတွေရဲ့မျှော်လင့်ချက်တွေ၊ လူသားအားလုံးရဲ့မျှော်လင့်ချက်တွေ
Monday, November 1, 2010
ဗီယက်နမ်မှာ နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက်မည်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 31 အောက်တိုဘာ 2010
အလျှင်အမြန် ကြီးထွားနေတဲ့ စီးပွားရေးအတွက် ဂျပန်နဲ့ ရုရှား အကူအညီကိုယူပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်မယ်လို့ ဗီယက်နမ်က ပြောပါတယ်။
ဗီယက်နမ်မှာ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂ နိုင်ငံပေါင်းပြီး ဆောက်လုပ်မယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒန်း (Nguyen Tan Dung) နဲ့ ဗီယက်နမ်ကို ရောက်နေတဲ့ ဂျပန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) တို့က တနင်္ဂနွေနေ့က ပြောပါတယ်။ဗီယက်နမ်နိုင်ငံက ရှားပါး သယံဇာတ တူးဖော်ရေးမှာ အတူတွဲလုပ်ဖို့ ဗီယက်နမ် အစိုးရက ဂျပန်ကို ရွေးချယ်ခဲ့တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီသဘောတူချက်ဟာ ဂျပန်နဲ့ ဗီယက်နမ်ကြား ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကြမယ့် လက္ခဏာ ဖြစ်တယ်လို့လည်း ဂျပန်ကြီးချုပ် နာအိုတို ကန်က ပြောခဲ့ပါတယ်။
မြန်မာရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ သြစတြေးလျ တောင်းဆို
By ကိုရန်နိုင် တနင်္ဂနွေ, 31 အောက်တိုဘာ 2010
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာ အလွန်အမင်း သံသယ ဖြစ်မိတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ဓာတ်ပုံ AP သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ်။ ဇွန် ၂၃၊ ၂၀၁၀။
ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းထောက်တွေ အစိုးရ အစီအစဉ်နဲ့သာ သတင်းယူရမည်
By မသိင်္ဂီထိုက် တနင်္ဂနွေ, 31 အောက်တိုဘာ 2010
ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေ ရွေးကောက်ပွဲသတင်း ရယူဖို့ နိုင်ငံခြား သံတမန်တွေနဲ့အတူ စစ်အစိုးရ အစီအစဉ်နဲ့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေက သတင်းထောက်တွေကိုလည်း စာပေစိစစ်ရေးက စီစဉ်ပေးတဲ့ကားနဲ့ မဲရုံတွေကို သွားရောက် သတင်းယူရမှာ ဖြစ်ပါတယ်။ မဲရုံထဲမှာလည်း ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ သတင်းထောက်တွေကို သတင်းယူခွင့် ထိန်းချုပ်လိုက်တာကြောင့် ရွေးကောက်ပွဲ သတင်းတွေ မှန်မှန်ကန်ကန် ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။Friday, October 29, 2010
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မလုပ်ဘူးလား
ရန်ပိုင် Thursday, 28 October 2010 19:21ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို ပါတီဝင် မဟုတ်သည့် အတွက် သမ္မတလောင်း စာရင်း တင်သွင်းရန် သေချာမည် မဟုတ် ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
ဧ၀ရက်တောင်ထိပ်မှာ အင်တာနက် သုံးလို့ရပြီ
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 အောက်တိုဘာ 2010 တောင်တက်သူတွေ အနေနဲ့ မကြာခင်မှာဘဲ ဧ၀ရက်တောင်ပေါ်ကနေ Tweeter လူမှုကွန်ယက် စာမျက်နှာပေါ်ကတဆင့် ဆက်သွယ် စကားပြောနိုင်တော့မယ်လို့ သိရပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ ကျော် အမြင့်မှာရှိတဲ့ ဧ၀ရက် တောင်ခြေစခန်းနဲ့ အနီးတ၀ိုက်ကို Scandinavian telecom company တခုဖြစ်တဲ့ TeliaSornera နဲ့ နီပေါ အခြေစိုက် Nepal Ncell တို့က ကြာသပတေးနေ့က 3G mobile phone ဆက်သွယ်ရေး စနစ်ကို ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဧ၀ရက်တောင်ထိပ်ကိုတော့ mobile ဆက်သွယ် အချက်ပြမှု မရောက်သေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်ကို နှစ်စဉ် တက်ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကို ဒီဆက်သွယ်ရေးစနစ်က ကူညီနိုင်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ တောင်တက်သမားတွေဟာ တန်ဖိုးကြီး ဂြိုဟ်တု ဆက်သွယ်ရေးဖုန်းတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ ကျော် အမြင့်မှာရှိတဲ့ ဧ၀ရက် တောင်ခြေစခန်းနဲ့ အနီးတ၀ိုက်ကို Scandinavian telecom company တခုဖြစ်တဲ့ TeliaSornera နဲ့ နီပေါ အခြေစိုက် Nepal Ncell တို့က ကြာသပတေးနေ့က 3G mobile phone ဆက်သွယ်ရေး စနစ်ကို ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဧ၀ရက်တောင်ထိပ်ကိုတော့ mobile ဆက်သွယ် အချက်ပြမှု မရောက်သေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက် တောင်ထိပ်ကို နှစ်စဉ် တက်ရောက်နေကြတဲ့ ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကို ဒီဆက်သွယ်ရေးစနစ်က ကူညီနိုင်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ တောင်တက်သမားတွေဟာ တန်ဖိုးကြီး ဂြိုဟ်တု ဆက်သွယ်ရေးဖုန်းတွေကို အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)
အဲပုဂံကို မစီးရန် သပိတ်မှောက်
သန်းထိုက်ဦး Friday, 29 October 2010 13:34

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ အဲပုဂံ (Air Bagan) လေကြောင်းလိုင်းကို ခရီးသွားများအနေဖြင့် မစီးကြရန် မြန်မာ့အရေး လှုပ်ရှားနေသော နိုင်ငံခြားသားတချို့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဲပုဂံ ရုံးခွဲရှေ့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှု စတင်သည်နှင့် အဲပုဂံရုံးခွဲ တံခါးများကို ပိတ်လိုက်သည် (ဓာတ်ပုံ - ဧရာဝတီ)
ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံနှင့် အဲပုဂံကို ဆန့်ကျင်ကြောင်း ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
“ဒီ လေကြောင်းလိုင်းကို စီးတာဟာ မြန်မာစစ်အစိုးရကို ထောက်ပံ့နေတာနဲ့ အတူတူပဲ ဆိုတာကို ခရီးသည်တွေ နားလည်စေ ချင်ပါတယ်။ အဲပုဂံကို လုံးဝ မစီးပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးတူ စီးပွားဖက်ဖြစ်နေလို့ပဲ” ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောသည်။
ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာ တရုတ်တည်ဆောက်
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 28 အောက်တိုဘာ 2010
တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာကို တည်ဆောက်လိုက်ပြီလို့ တရုတ်တို့ရဲ့ ကွန်ပြူတာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။Tianhe-1A ဒါမှမဟုတ် Milkay Way လို့ နာမည်ပေးထားတဲ့ တရုတ် စူပါကွန်ပြူတာဟာ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ကျင်းမြို့က အမျိုးသား စူပါကွန်ပြူတာဌာနမှာ ရှိနေပါတယ်။
Tianhe-1A စူပါကွန်ပြူတာဟာ အမြန်နှုန်း ၂.၅၀၇ petaflops ထိ စွမ်းဆောင်ရည် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းဟာ တစက္ကန့်ကို တွက်ချက်မှုပေါင်း ၂,၅၀၇ ထရီလီယန် လုပ်နိုင်တဲ့နှုန်းနဲ့ ညီမျှပါတယ်။
အဲဒါကြောင့် လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပြူတာအဖြစ် စံချိန်တင်ထားတဲ့ ကွန်ပြူတာထက် ၁.၄ ဆ ပိုမြန်ပါတယ်။ လက်ရှိ အမြန်ဆုံး စူပါကွန်ပြူတာဟာ အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ Oak Ridge အမျိုးသား ဓာတ်ခွဲခန်းမှာရှိတဲ့ အမေရိကန် စွမ်းအင်ဌာနရဲ့ Cray XT5 “Jaguar” ဆိုတဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။
Thursday, October 28, 2010
မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ
By နူးပန် ဗုဒ္ဓဟူး, 27 အောက်တိုဘာ 2010
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်ခဲ့တဲ့ သူတွေဟာ ဘယ်သူလဲဆိုတာ စုံစမ်းသိရှိခဲ့ပြီလို့ ပြောပါတယ်။ အခုလို ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်တဲ့ သူတွေဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကဖြစ်ပြီး ဒီကိစ္စကို ပြည်နယ်ကော်မရှင်ရုံးမှာ ဒီနေ့ပဲ စာတင်လိုက်တယ်လို့ ဦးမာခါးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။မြစ်ကြီးနားမြို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကိုယ်စားလှယ်လောင်း ဦးမာခါးက ပါတီရဲ့ ရည်ရွယ်ချက်တွေကို ရေးသားပြီး သံမှိုနဲ့ အခိုင်အမာ ရိုက်ကပ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အဖွဲ့က ဖြုတ်လိုက်တာလို့ ဦးမာခါးက ပြောပါတယ်။
ရွေးကောက်ပွဲနေ့ နှောင့်ယှက်လျှင် အစစ်အဆေးမရှိ ထောင်ချမည်
ဆက်နိုင် Thursday, October 28, 2010
ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့သည် တနင်္ဂနွေနေ့ ဖြစ်သော်လည်း တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး မဲရုံများတွင် ရမ်းကား နှောင့်ယှက်မှုများ ပေါ်ပေါက်လာပါက အစစ်အဆေး အမေးအမြန်းမရှိ ထောင်ချမည်ဟု သတင်းရရှိ သည်။
ရှမ်းပြည်နယ်မှ မြို့နယ် တရားသူကြီး တဦးက “အဲဒီနေ့ အမှုအခင်းတွေဖြစ်လာရင် အမေးအမြန်းမရှိ၊ တခါတည်း ထောင်ချ ပစ်မှာ။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တရားရုံးတွေအားလုံး ဖွင့်လှစ်ဖို့ မှာထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်မှ မြို့နယ် တရားသူကြီး တဦးက “အဲဒီနေ့ အမှုအခင်းတွေဖြစ်လာရင် အမေးအမြန်းမရှိ၊ တခါတည်း ထောင်ချ ပစ်မှာ။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တရားရုံးတွေအားလုံး ဖွင့်လှစ်ဖို့ မှာထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
Subscribe to:
Posts (Atom)