Friday, November 5, 2010

ဈေးကွက်တွင်းမှ အကြော်ဆိုင် ၁၀၀ ကျော်ကို စစ်ဆေးရာ အသုံးပြုသည့် ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း တွေ့ရ



From Hope မျှော်လင့်ချက်
    ပြည်တွင်း ဈေးကွက်အတွင်းရှိ အကြော်ဆိုင် ၁၀၀ ကျော်မှ ဆီများကိုစစ်ဆေးရာ ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း FDA စစ်ဆေးချက်အရ သိရှိရ

   ယခုစစ်ဆေးပေးသည့် ဆီဆိုင်များမှာ နေပြည်တော်ခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အကြော်ဆိုင်များမှ ဆီများဖြစ်ပြီး မကြာခင်ကာလတွင်လည်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အကြော်ဆိုင်များမှ ဆီများကိုလည်း စစ် ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနှင့်အစားအစာ ကွပ်ကဲဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဦးကျော်လင်းက သုံးသပ်ပြောကြားခဲ့သည်။
    နေပြည်တော်ခရိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အကြော်ဆိုင်များ၌ အသုံးပြုနေသောဆိုင်များအား စစ်ဆေးတွေ့ရှိရမှုနှင့် ပတ်သက်၍ ဆေးဝါးနှင့်အစားအစာ ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက "အခု နေပြည်တော် ခရိုင်အတွင်းက အကြော်ဆိုင်တွေရယ် ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ဆိုင်တွေ စုစု ပေါင်း ၁၀၀ ကျော်ကို သုံးပတ်ကာလအတွင်း စစ်ဆေးတဲ့အခါမှာ ဆိုင်အများစုမှ အသုံးပြုနေတဲ့ ဆီတွေက စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက် တယ်ဆိုတဲ့ အကြောင်းအချက်တွေကို တွေ့ရှိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဆေးတွေ့ရှိချက်တွေအရ အီကြာကွေး၊ အာလူးကြော်၊ ဘရာကြော်၊ ပလာတာစတာတွေကို ရောင်းချနေတဲ့ အကြော်ဆိုင်လေးရော၊ အကြော်ဆိုင်ကြီးတွေပါ သူတို့တွေက တစ်ခါကြော်ပြီးသွားရင် အဲဒီ ကြော်ပြီးသားဆီတွေကို နောက်နေ့ မှာ ထပ်ခါထပ်ခါ ပြန်ကြော်တာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီလို ကြော်ပြီးသားဆီတွေက ဆယ်လိုက်တဲ့အခါမှာ တူးနေတဲ့အမည်းစက်တွေ ကျန်ရှိမယ်။ အဲဒီအမည်းစပ်တွေကပဲ နောက်နေ့ပြန်ကြော်မယ်။ ကြော်တဲ့ အကြော်တွေထဲပေါ်ကို အဲဒီအမည်းစက် တွေက ကပ်သွားမယ်။ အဲဒါတွေကို စားသုံးမိမယ်။ ပြီးတော့ စားသုံးသူ တွေကို ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ဘယ်ဆိုင်မှာဖြစ်ဖြစ် ၀ယ်စားတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်ကြော်တဲ့ဆီတွေက တခြားဆီတွေနဲ့မတူဘူး။ ပိုပြီးမည်းနေတာ ကိုတွေ့ရမယ်။ အဲဒီဆီအိုးထဲမှာလည်း အမည်းစက် အမည်းစက် ကလေးတွေကို မျက်စိနဲ့မြင်တွေ့ရမယ်။ အဲဒီအကြောင်းအရာတွေကို သတိထားပြီးတော့ ၀ယ်စားသင့်ပါတယ်"ဟု ဈေးကွက်အတွင်းရှိ အကြော်ဆိုင်များမှဆီများ စစ်ဆေးတွေ့ရှိချက်အပေါ် သုံးသပ်ပြောကြားခဲ့သည်။
    အကြော်ဆိုင် အများစုမှာ စားသုံးသူ၏ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ကျန်းမာရေး ၀န်ကြီးဌာန ဗဟိုပညာပေးရေး ကော်မတီမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဦးခင်မောင်လွင် က "အဲဒီလိုမျိုး ထပ်ခါထပ်ခါ ကြော်ပြီးတော့ ရောင်းချတဲ့ ဆိုင်တွေရဲ့အကြော်တွေကို ၀ယ်စားတဲ့အခါ အချိန်ကာလကြာမြင့်လာတဲ့အခါမှာ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီကျိုရောဂါတွေဖြစ်နိုင် တယ်။ ဒီရောဂါတွေကို မီပြီးတော့ နောက်ထပ်ရောဂါတွေ အများကြီး ဖြစ်နိုင်တယ်။ ဥပမာ သွေးတိုး ရောဂါသမားက သွေးကြောပိတ်ရောဂါ၊ လေဖြတ်တာတွေ ဆက်ပြီးဖြစ်သွားနိုင်တယ်။ အခြေခံအားဖြင့်တော့ အ၀လွန်ရောဂါ ဖြစ်ပွားနိုင်တယ်"ဟု စားသုံးသူများအား အကြံပြုပြောကြားခဲ့သည်။
(Weekly Eleven မှ ကူးယူဖေါ်ပြပါသည်။)

No comments:

Post a Comment