အဂါင်္နေ့က ကျင်းပခဲ့တဲ့ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီ အကြီးအကျယ် အရေးနိမ့်သွားခဲ့တယ် ဆိုတာကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အသိအမှတ် ပြုလိုက်ပြီး တဆက်တည်းမှာပဲ ဒီမိုကရက်တွေရဲ့ ရှုံးနိမ့်မှုဟာ နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို လူတွေ အကြီးအကျယ် စိတ်ပျက်နေတယ်ဆိုတာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် အစည်းအဝေးမှာ စီးပွားရေး တိုးတက်မှုတွေ မြန်သင့်သလောက် မြန်အောင် မလုပ်နိုင်တာ သူ့မှာ တာဝန်ရှိပြီး သူ့အနေနဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ သဘောတူညီမှု ရနိုင်မယ့် အခြေခံ အခွင့်အလမ်းကောင်းတွေကို ရှာဖွေမယ်လို့သန္နိဋ္ဌာန်ချကြောင်း ပြောလိုက်ပါတယ်။
ကျနော့်ရဲ့ မျှော်လင့်ချက်တွေ၊ အခြားလူတွေရဲ့မျှော်လင့်ချက်တွေ၊ လူသားအားလုံးရဲ့မျှော်လင့်ချက်တွေ
Thursday, November 4, 2010
အမေရိကန်အတွက် အာရှမှာ အိန္ဒိယနိုင်ငံ အခရာကျ
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံဆီ သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အိန္ဒိယဟာ အာရှတိုက်မှာ အမေရိကန် ထိတွေ့ဆက်ဆံမှုရဲ့ အခြေခံ အုတ်မြစ်တခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။တဖြည်းဖြည်း ထွန်းတောက်လာနေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုအဖြစ် အိန္ဒိယရဲ့ အခန်းကဏ္ဍကို သူကြိုဆိုကြောင်းနဲ့ ထောက်ခံကြောင်း သမ္မတ အိုဘားမားက အိန္ဒိယ အခြေစိုက် PTI သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ တကယ်စစ်မှန်တဲ့ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးတခု ရအောင် တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စဟာ သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းဦးစားပေး အလုပ်တခု ဖြစ်တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ရီပတ်ဘလစ်ကန်တွေ အောင်ပွဲခံ
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010
ဓာတ်ပုံ AP- အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဂျွန် ဘေနာ။ နိုဝင်ဘာ ၃၊ ၂၀၁၀။
မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက လွှတ်တော် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်က သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကို လွှမ်းမိုး အနိုင်ရလိုက်ပါပြီ။
တိုင်းပြည်ရဲ့ စီးပွားရေး ကျဆင်း ကျပ်တည်းလာမှုတွေနဲ့ အစိုးရရဲ့ အသုံးစရိတ်တွေကို မကျေမနပ် ဖြစ်နေကြတဲ့ မဲဆန္ဒရှင် အမေရိကန် နိုင်ငံသားတွေက အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဘက်ကို ထောက်ခံခဲ့ကြတာပါ။မီးရထား ဒု-၀န်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ
By နိုင်ကွန်းအိန် ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010
စစ်အစိုးရက ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့် မီးရထား ဒု-ဝန်ကြီး ဦးဖေသန်းဟာ FRC ခေါ် ဧည့်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပယ်ချခံခဲ့ရတဲ့အပေါ် စိတ်ပျက်မှု ရှိသလို အယူခံ မဝင်တော့ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ စစ်အစိုးရ လက်အောက်မှာ တိုင်းပြည်အတွက် အကြီးတန်းတာဝန် ထမ်းဆောင်နေပေမဲ့ လူမျိုးအရ ခွဲခြားမှု ရှိနေဆဲလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖေသန်းဟာ ဧည့်နိုင်ငံသား ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် အောက်တိုဘာလလောက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ ၎င်းနဲ့ နီးစပ်သူ မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် နိုင်ဝဏ္ဏကြီးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို အတည်ပြု ပြောဆိုပါတယ်။
နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010
နိုဝင်ဘာ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲရက်အတွင်း မြန်မာနိုင်ငံတလွှား မြို့နေရာ အတော်များများမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ မဲပေးမှုတွေကို သွားရောက် လေ့လာနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးနေပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး မဲရုံပေါင်း ၃၀,၀၀၀ ကျော်က အခြေအနေ အရပ်အရပ်ကို စောင့်ကြည့်ဖို့ မဖြစ်နိုင်တာအပြင် ရွေးကောက်ပွဲရက် တရက်တည်း လေ့လာရုံနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ အကဲဖြတ်ဖို့ ခက်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံတ၀န်းက မြို့နေရာ ၂၀ နီးပါးမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ ရွေးကောက်ပွဲ မဲပေးမှုကို သွားရောက်လေ့လာ သတင်းယူနိုင်ဖို့ အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို အာဏာပိုင်တွေက ခွင့်မပြုခဲ့သလို ပြည်တွင်းမှာလည်း သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှု အစုအဖွဲ့တွေ အားနည်းတာကြောင့် ရွေးကောက်ပွဲ မဲပေးမှုတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာကို အဲဒီ သံတမန်တွေ၊ သတင်းထောက်တွေ ပါတဲ့ လေ့လာရေး အဖွဲ့တွေရဲ့ သုံးသပ်ချက်၊ သတင်းပေးချက်တွေ အပေါ်မှာပဲ မှီရမယ့် အနေအထား ဖြစ်နေပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး
By ဦးကျော်ထင် ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010
ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ဟာ မဲပေးရေးဆိုင်ရာ ပညာပေးမှုတွေလုပ်ရင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တိုက်တွန်းလာသလို ကြိုတင်မဲတွေကလည်း အဲဒီပါတီအတွက်ဖြစ်ဖို့ စည်းရုံးရေးမှူးတွေက နည်းမျိုးစုံနဲ့ လုပ်လာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ကြံ့ဖွံ့ပါတီလို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွက် မြို့နယ်၊ ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပါတီစည်းရုံးရေးမှူးတွေက တက်သုတ်ရိုက် မဲဆွယ်လာပါတယ်။ မိုးကောင်းမြို့နယ်မှာတော့ ကော်မရှင်က ရွေးကောက်ပွဲ သရုပ်ပြရင်း ကြံ့ဖွံ့ပါတီကို မဲပေးကြပါလို့ ပြောဆိုနေပါတယ်။Wednesday, November 3, 2010
အသည်းသမားတို့အတွက် သင့်တင့်သော LifeStyle

အသည်းရောင် အသားဝါရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည် အသည်းရောဂါတစ်ခုပါ။ ဘီပိုးဝင်တိုင်း နာတာရှည် အသည်းရောင်တဲ့အဆင့်ကို မရောက်ပေမယ့် အသည်းရောင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး သေဆုံးသူတွေလည်း မနည်းပါဘူး။ အသည်းရောင်အသားဝါဘီ ရောဂါဟာ သူ့ကြောင့် မသေအောင် ထိန်းသိမ်းကုသနိုင်တဲ့အဆင့်ကို ရောက်လို့နေပါပြီ။ သို့သော်လည်း ဆေးကုသ ကုန်ကျစရိတ်တွေက များပြားတာကြောင့် မြန်မာပြည်သူ အများစုကတော့ လက်လှမ်းမမှီနိုင်သေးပါ။ ဒါ့ကြောင့် ဆေးမကုနိုင်ရင်လည်း အတတ်နိုင်ဆုံး ကျန်းမာအောင် နေနည်းတွေနဲ့ ဆေးသောက်သူတွေမှာ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ စီးပွားရေး ပြဿနာ အဓိကကျ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 02 နိုဝင်ဘာ 2010 အမေရိကန်နိုင်ငံမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်တွေကို အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရစေနိုင်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ အာဏာကို တရားမျှတအောင် ထိန်းထားတဲ့ ချိန်ခွင်လျှာကို တခြားပါတီဘက်ကို စောင်းသွားစေနိုင်တဲ့ ရွေးကောက်ပွဲ တခုကို အမေရိကန် ပြည်သူတွေ မဲဆန္ဒ ပေးခဲ့ကြပါတယ်။
ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။
(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)
ဆန္ဒမဲ စစ်တမ်းတွေရဲ့ အဆိုအရ စီးပွားရေး ကျဆင်းမှုဟာ ဒီရွေးကောက်ပွဲရဲ့ အဓိက ပြဿနာဖြစ်ပြီး အတော်များများက သမ္မတ အိုဘားမားကိုသာမက နိုင်ငံရေးပါတီ ၂ ခုစလုံးကို ဝေဖန် ပြောဆိုကြတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၇ နေရာတို့ဟာ အဓိက အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နေရာဒေသ အချို့က မဲရုံတွေကို ညနေပိုင်းမှာ ပိတ်လိုက်ပြီး ဖြစ်ပေမဲ့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို သိဖို့ကတော့ ရက်အနည်းငယ် စောင့်ကြရဦးမှာ ဖြစ်ပါတယ်။
(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)
ဆိုင်ကလုံး ဂီရိ အပျက်အစီး ခန့်မှန်းချက်
By Liza Schlein's Report in Burmese အင်္ဂါ, 02 နိုဝင်ဘာ 2010
ဓာတ်ပုံ AP-ဂီရိ ဆိုင်ကလုံးဒဏ်သင့် မြေပုံမြို့နယ်မှ အပျက်အစီးအချို့။ အောက်တိုဘာ ၂၄၊ ၂၀၁၀။
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက်မှာ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ကြတဲ့ သောင်းနဲ့ချီ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့တွေက အပူတပြင်း ဆောင်ရွက်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ သုံးသပ်ချက် တခုအရ ဂီရိမုန်တိုင်းကြောင့် ကျယ်ကျယ်ပြန့်ပြန် အပျက်အစီးတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးနိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့တွေ ဆောင်ရွက်နေကြတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဇာ ရှလိုင်း (Liza Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
လွှတ်တော်တွင်း ဒီမိုကရက် လွှမ်းမိုးမှု စိန်ခေါ်ခံရပြီ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 02 နိုဝင်ဘာ 2010
နိုင်ငံတ၀န်း မဲပေးသူတွေဟာ အစိုးရကျောင်းတွေ၊ လူထုစုဝေးရာ ခန်းမကြီးတွေမှာ မဲပေးဖို့အတွက် တန်းစီနေကြပါတယ်။ အများပြည်သူ ရုံးပိတ်ရက်မဟုတ်တဲ့ အင်္ဂါနေ့မှာပဲ မဲပေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။
မကြာခင်ကမှ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ရီပတ်ဘလီကန် ပါတီက အများစု အမတ်ရပြီး ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အမတ်နေရာ ၃၉ နေရာကို ရီပတ်ဘလီကန်တွေ ရနိုင်ခြေရှိကြောင်း ပြသနေပါတယ်။ အကဲခတ် စောင့်ကြည့်သူ အများအပြားကတော့ ရီပတ်ဘလီကန် ပါတီဝင်တွေဟာ အမတ်နေရာ ၅၀၊ ဒါမှမဟုတ် ဒီ့ထက်ပိုပြီး ရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
Subscribe to:
Posts (Atom)