Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိဘဲ ကန့်သတ်ချက်များ ရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပြည်သူလူထု စိတ်အ၀င်စားဆုံးသော သတင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် သတင်းနှင့် မိန့်ခွန်း ပြောကြားသည့် အချိန်က အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြန်ရန် ပြည်တွင်း သတင်းဂျာနယ်များက ကြိုးပမ်းကြသော်လည်း စာပေစိစစ်ရေးက ကန့်သတ်မှုများ ရှိနေသောကြောင့် လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။

“ပထမဆုံး ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ့။ ဓာတ်ပုံက အကြီးကြီးချဲ့လို့ မရဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ သုံးခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းကိုလည်း မျက်နှာဖုံး တင်ချင်တယ်။ စာပေစိစစ်ရေးက ခွင့်မပြုဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

မျှော်လင့်ချက် - ၁

  • ကျနော့်ပထမဆုံး တင်ပြချင်တဲ့ မျှော်လင့်ချက်ကတော့ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးရချင်တာပါပဲ။ ကျနော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ဒီနေ့အထိ မရပ်စဲနိုင်သေး ပါဘူး။ ပြင်းပြင်းထန်ထန် ဖြစ်တာနဲ့ အနည်းငယ်လျော့ပါးသွားတာပဲကွာတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တိုင်းပြည် မွဲတေ သွားရတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တွေ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ လျော့ပါး ခဲ့ကြတယ်။ လူတယောက်နဲ့ တယောက် တန်ဖိုးထားမှုတွေ လည်း လျော့ပါးခဲ့ကြတယ်။ ကျနော်တို့  မသိလိုက်မသိဘာသာ နေခဲ့ကြပေမဲ့ ကျနော်တို့ ဗမာပြည်မှာ တယောက်နဲ့ တယောက်လေးစားမှုတွေ လျော့ပါးခဲ့တာလဲ ဒီစစ်ကြောင့်ပါပဲ။  
  •  
  •  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်ရင် ဒီစစ်ကိုအရင်ဆုံးရပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စရမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်တယ်လို့ ဘယ်လောက် အာဘောင်အာရင်း သန်သန်နဲ့ ပြောပြော ပြည်တွင်းစစ်ကို ကိုယ်ကျိုးစီးပွား အတွက် ရှိနေစေချင်တဲ့ သူတိုင်းဟာ တိုင်းပြည် အောက်တန်း ကျရေးကို ဆောင်ရွက်နေတာ သာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့ အာသီသ ပြင်းပြစွာနဲ့ မျှော်လင့်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)၊ (၂)

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)


ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၂)

"အားမွေးထားကြပါ" နိုဝင်ဘာ ၁၄ ဒေါ်စု ရွှေဂုံတိုင် မိန့်ခွန်း အပြည့်အစုံ

Sunday, 14 November 2010 11:15 The Voice Weekly

ကြားလား

ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)

ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ

(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)

Wednesday, November 10, 2010

သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်

Posted: 09 Nov 2010 03:57 PM PST
ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။

Monday, November 8, 2010

မြန်မာစစ်တပ်နှင့် DKBA တပ်တို့ ကြားတိုက်ပွဲ များဖြစ်ပွားပြီး ထိုင်းဘက်ခြမ်း တပ်(ခ) ခရိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲ မူကြောင့် ထိုင်းလူမျိုးတယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ

 မြန်မာစစ်တပ် နဲ့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြ၀တီ မြို့ ရဲ့ အချက်အခြာကျတဲ့ အစိုးရ ရုံးတွေကို သိမ်းပိုက်ထားတဲ့ အတိုက်အခံတပ်တို့ အကြား ဒီနေ့ တနင်္လာနေ့ မှာတိုက်ပွဲဖြစ် ပွား ခဲ့ပါတယ်။

နှစ် နှစ်ဆယ်အတွင်း ပထမဆုံးကျင်းပတဲ့ မြန်မာပြည် ရွေးကောက်ပွဲ အပြီး နောက်တနေ့ မှာတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ ပါတယ်။

မဲဆောက်မြို့ Rim Moei ဈေး နဲ့ Mae Moei City Department Store ကို ဗုံးကျပေါက်ကွဲ ခဲ့တယ် လို့သိရပါတယ်။ပေါက်ကွဲမှုကြောင့် ထိုင်းတစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရှိ သွားပါတယ်။

တနင်္ဂနွေနေ့က ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က မဲဆောက် ခရိုင်အနီး မြ၀တီမြို့မှ ရဲစခန်းနဲ့ စာတိုက်ကို သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရတပ်များက တနင်္လာနေ့များမှာ တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ထိုင်းအစိုးရ အရာရှိများက မဲဆောက်တွင် တိုက်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။  “ကျနော်တို့ ဟိုဘက်ဆိုဒ်မှာ ပေါက်ကွဲသံတွေ အကြိမ် ၃၀ လောက်ကြးရတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်သူ တိုက်ပွဲဖြစ်တာလဲ ဆိုတာတော့ မသိဘူး” လို့ မဲဆောက် ခရိုင်မှူး ကီတီဆက် သိုမွန်ဆပ်က် ကပြောပါတယ်။ 


(ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ သတင်းကို အကျဉ်းချုပ်ဘာသာပြန် ဖေါ်ပြပါသည်။)

မြ၀တီ ပစ်ခတ်မှု သတင်းဆက်

 မြ၀တီ မြို့တွင်း မှ ကုန်သည်တဦးပြောပြချက်အရ မနေ့ကတည်းက ဒီကေဘီအေ တပ်များ ၀င်လာသည်ဟု ကြားသော် လည်း အတိအကျ မသိခဲ့။ ယနေ့ မနက် ၉နာရီ ခွဲခန့်တွင် ပစ်ခတ်မှုများဖြစ်ပြီး ၁၀း၀၀ တွင် ခေတ္တရပ်နားသွားခဲ့။ ၁၀း၃၀ မှ ၁၂း၀၀ အထိပြန်ဖြစ်သောကြောင့် အဆိုပါ ကုန်သည်က ၄င်း ၏ အိမ်တွင်း မှာ သာနေခဲ့ပြီး အပြင်သို့ ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့။ " ကျနော့် အိမ်ရှေ့မှာ ၂ လုံးကျတယ်၊ ဒါပေမဲ့ ၇၉ တို့ ငှက်ပျောဖူးတို့လောက်ပဲ လက်နက်ကြီးတော့ မကျသေးဘူး။ ဗုံးခိုကျင်းထဲမှာ နေရတယ်။" လို့ အဆိုပါကုန်သည်က ၁၂း ၃၀ တွင် ပြောပါသည်။
အဆိုပါကုန်သည်က မြ၀တီ မှာ နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ် တို့ အကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် သည်ဟု ကြားသိရကြောင်း ပြောကြားခဲ့ပါသည်။
ယခု သတင်း ဖေါ်ပြချိန်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း မြ၀တီ မြို့ခံကုန်သည် ကပြောပါသည်။

မျှော်လင့်ချက် သတင်း

မြ၀တီ မြို့ ပစ်ခတ်မှု ထိုင်းဘက် ကမ်းတွင်ပါ ထိခိုက်မှု ဖြစ်ခဲ့

မြ၀တီမြို့မှာ ဒီမနက် ၉နာရီ ခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မဲဆောက် ကမ်းနားမှာ နေသူတဦးက ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ချိန် ၅ မိနစ်ခန့်ဖြစ်ပြီး၊ လက်နက် ကြီးသံများလဲ ကြားရတယ် လို့ ဆိုပါတယ်။

 မဲဆောက်ကမ်းနားက လ၀က ရုံး ရှေ့မှာ လက်နက်ကြီး တလုံး ကျရောက်ပေါက်ကွဲပြီး လူ ၂ ယောက်ဒဏ်ရာရသွားတယ် လို့ဆိုပါတယ်။

နောက်ထပ် လက်နက်ကြီး ကျည် တလုံးလည်း အကောက်အခွန် ရုံးရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ 
မျှော်လင့်ချက်သတင်း