Thursday, January 13, 2011

“အဆီယစ်နေသူများ”

ပြည်သူ့ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
...ဆုံးမနေပါလား ဟေ့။

ဗိုက်အပြည့် စားသောက်နေရသူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဘို
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ ။

(ဗားတော့ဗရက်)
“တင်မောင်အေး” ဘာသာပြန်သည်။

No comments:

Post a Comment