- လွတ်လပ်တဲ့
ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။
- ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
- ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ
- မိန်းမဆိုတာ
အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ
- ဆာမူရိုင်းနိုင်ငံတော်မှာ
လိင်စိတ်နဲ့
သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။
- ချယ်ရီတွေပွင့်ချိန်ဆို
ဆာမူရိုင်းတွေရောက်လာပြီး သစ္စာရေသောက်ကြတယ်။
- ဆာမူရိုင်းနိုင်ငံတော်မှာ
ဆာမူရိုင်းရဲ့သမီးဟာ လက်ထပ်ထိမ်းမြားခွင့်ရ
ခေတ်အဆက်ဆက်
ဆာမူရိုင်းလေးတွေပဲ မွေးဖွားလာကြ။
- ဆာမူရိုင်းနိုင်ငံတော်မှာ
ပန်းချီမဆွဲ
ဂစ်တာ မတီး
ပြဇာတ် မက
ဆံပင်တိုလည်း မညှပ်ရ
မုတ်ဆိတ်လည်း မရိပ်ရ
- တစ်ယောက်ကိုတစ်ယောက် သတ်ချင်သတ်
- ဆာမူရိုင်းနိုင်ငံတော်မှာ
အရွယ်ရောက်ပြီးသူတိုင်း
ကောက်ရိုးအရုပ်ကို ဓားနဲ့ခုတ်နေကြရတယ်။
- ဓားခုတ်ချက်တိုင်း
“အရှင့်အတွက်”
“အရှင့်အတွက်” လို့
အသံနက်ကြီးတွေနဲ့ ကြွေးကြော်ကြရတယ်။
- ဒါပေမဲ့
ဆာမူရိုင်းနိုင်ငံသားတိုင်း ကျွန်တွေချည်းပဲ။
- မနက် အရုဏ်တက်ပြီဆိုတာနဲ့
ထာဝရဘ၀ရှင် နေမင်းကြီးကို
ဆာမူရိုင်းအားလုံး ရှိခိုးနေကြတော့ရဲ့။
ပိတောက်ပွင့်သစ် အမှတ်(၃၂) ဇူလိုင်ထဲကပါ။
အစ်ကိုကြီး ကိုစိမ်းနီတို့၊ ကိုမိုဃ်းဇော်တို့က ဗိုက်ထဲမှာ ပုဏ္ဏားလေးတွေ ရှိကြဟန်တူပါရဲ့ (ငြိမ်းအေးအိမ် မှတ်ချက်)
(အထက်ပါ ကဗျာရေးသူကို ကျနော် မသိသော်လည်း ကဗျာလေးကို သဘောကျတာကြောင့် ဖေါ်ပြခွင့်ပြုပါ၊ ကဗျာရေးသူကို သိလာရင် ဖြည့်စွက်ပေးပါ့မယ်။)
No comments:
Post a Comment