Wednesday, November 10, 2010

သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်

Posted: 09 Nov 2010 03:57 PM PST
ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။

Monday, November 8, 2010

မြန်မာစစ်တပ်နှင့် DKBA တပ်တို့ ကြားတိုက်ပွဲ များဖြစ်ပွားပြီး ထိုင်းဘက်ခြမ်း တပ်(ခ) ခရိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲ မူကြောင့် ထိုင်းလူမျိုးတယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ

 မြန်မာစစ်တပ် နဲ့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြ၀တီ မြို့ ရဲ့ အချက်အခြာကျတဲ့ အစိုးရ ရုံးတွေကို သိမ်းပိုက်ထားတဲ့ အတိုက်အခံတပ်တို့ အကြား ဒီနေ့ တနင်္လာနေ့ မှာတိုက်ပွဲဖြစ် ပွား ခဲ့ပါတယ်။

နှစ် နှစ်ဆယ်အတွင်း ပထမဆုံးကျင်းပတဲ့ မြန်မာပြည် ရွေးကောက်ပွဲ အပြီး နောက်တနေ့ မှာတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ ပါတယ်။

မဲဆောက်မြို့ Rim Moei ဈေး နဲ့ Mae Moei City Department Store ကို ဗုံးကျပေါက်ကွဲ ခဲ့တယ် လို့သိရပါတယ်။ပေါက်ကွဲမှုကြောင့် ထိုင်းတစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရှိ သွားပါတယ်။

တနင်္ဂနွေနေ့က ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က မဲဆောက် ခရိုင်အနီး မြ၀တီမြို့မှ ရဲစခန်းနဲ့ စာတိုက်ကို သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရတပ်များက တနင်္လာနေ့များမှာ တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ထိုင်းအစိုးရ အရာရှိများက မဲဆောက်တွင် တိုက်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။  “ကျနော်တို့ ဟိုဘက်ဆိုဒ်မှာ ပေါက်ကွဲသံတွေ အကြိမ် ၃၀ လောက်ကြးရတယ်။ ဒါပေမဲ့ ဘယ်သူနဲ့ ဘယ်သူ တိုက်ပွဲဖြစ်တာလဲ ဆိုတာတော့ မသိဘူး” လို့ မဲဆောက် ခရိုင်မှူး ကီတီဆက် သိုမွန်ဆပ်က် ကပြောပါတယ်။ 


(ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ သတင်းကို အကျဉ်းချုပ်ဘာသာပြန် ဖေါ်ပြပါသည်။)

မြ၀တီ ပစ်ခတ်မှု သတင်းဆက်

 မြ၀တီ မြို့တွင်း မှ ကုန်သည်တဦးပြောပြချက်အရ မနေ့ကတည်းက ဒီကေဘီအေ တပ်များ ၀င်လာသည်ဟု ကြားသော် လည်း အတိအကျ မသိခဲ့။ ယနေ့ မနက် ၉နာရီ ခွဲခန့်တွင် ပစ်ခတ်မှုများဖြစ်ပြီး ၁၀း၀၀ တွင် ခေတ္တရပ်နားသွားခဲ့။ ၁၀း၃၀ မှ ၁၂း၀၀ အထိပြန်ဖြစ်သောကြောင့် အဆိုပါ ကုန်သည်က ၄င်း ၏ အိမ်တွင်း မှာ သာနေခဲ့ပြီး အပြင်သို့ ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့။ " ကျနော့် အိမ်ရှေ့မှာ ၂ လုံးကျတယ်၊ ဒါပေမဲ့ ၇၉ တို့ ငှက်ပျောဖူးတို့လောက်ပဲ လက်နက်ကြီးတော့ မကျသေးဘူး။ ဗုံးခိုကျင်းထဲမှာ နေရတယ်။" လို့ အဆိုပါကုန်သည်က ၁၂း ၃၀ တွင် ပြောပါသည်။
အဆိုပါကုန်သည်က မြ၀တီ မှာ နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ် တို့ အကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် သည်ဟု ကြားသိရကြောင်း ပြောကြားခဲ့ပါသည်။
ယခု သတင်း ဖေါ်ပြချိန်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း မြ၀တီ မြို့ခံကုန်သည် ကပြောပါသည်။

မျှော်လင့်ချက် သတင်း

မြ၀တီ မြို့ ပစ်ခတ်မှု ထိုင်းဘက် ကမ်းတွင်ပါ ထိခိုက်မှု ဖြစ်ခဲ့

မြ၀တီမြို့မှာ ဒီမနက် ၉နာရီ ခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မဲဆောက် ကမ်းနားမှာ နေသူတဦးက ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ချိန် ၅ မိနစ်ခန့်ဖြစ်ပြီး၊ လက်နက် ကြီးသံများလဲ ကြားရတယ် လို့ ဆိုပါတယ်။

 မဲဆောက်ကမ်းနားက လ၀က ရုံး ရှေ့မှာ လက်နက်ကြီး တလုံး ကျရောက်ပေါက်ကွဲပြီး လူ ၂ ယောက်ဒဏ်ရာရသွားတယ် လို့ဆိုပါတယ်။

နောက်ထပ် လက်နက်ကြီး ကျည် တလုံးလည်း အကောက်အခွန် ရုံးရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ 
မျှော်လင့်ချက်သတင်း

Sunday, November 7, 2010

မျက်စိနာခြင်း

Posted: 06 Nov 2010 07:45 AM PDT
အခုတလေ မြန်မာပြည်မှာ မျက်စိနာတဲ့သူတွေ အတွေ့များနေလို့ မျက်စိနာတဲ့အကြောင်း တင်ပေးလိုက်ပါတယ်။ နယ်မြို့များတွင်သာမက ရန်ကုန်မှာပါ မျက်စိနာကြသူတွေ မရှားပါဘူး။ အောက်ပါ ဆောင်းပါးဟာ မြန်မာဝီကီပီးဒီးယားအတွက် ရေးထားတဲ့ စာမူဖြစ်ပါတယ်။ PHIM မှာ ဖတ်လို့ရအောင် Myanmar3 မှ Zawgyi သို့ပြောင်းပြီး တင်ပေးလိုက်ပါတယ်။ စွယ်စုံကျမ်းဆောင်းပါးဖြစ်တဲ့အတွက် ပုံမှန် Blog Post တစ်ခုနဲ့တော့ တူမှာ မဟုတ်ပါဘူး။ အကယ်၍ အောက်ပါဆောင်းပါးမှာ မျက်စိနာခြင်းနှင့် ပတ်သက်ပြီး ထပ်မံဖြည့်စွက်လိုခြင်း၊ ပြင်လိုခြင်းရှိပါက အောက်ပါ Link တွင် သွားရောက် ဖတ်ရှုပြင်ဆင်နိုင်ပါတယ်။
မျက်စိနာခြင်းဆိုသည်မှာ Conjunctiva ဟုခေါ်သည့် မျက်စိ၏ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ဆေးပညာအရ Conjunctivitis ဟုခေါ်သည်။ မျက်စိနာခြင်းသည် များသောအားဖြင့် ကူးစက်ရောဂါပိုးများကြောင့် အဖြစ်များပြီး ဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်တတ်ကြသည်။

Friday, November 5, 2010

လေဘေး ဒုက္ခသည်များကို ဝန်ကြီးချုပ် မဲသွားဆွယ်

ခင်ဦးသာ Thursday, 04 November 2010 19:29
စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများသို့ သွားကာ ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲပေးရန်ပြောဆိုသွားကြောင်း သိရသည်။

bu-Prime-Minister-Thein-Sein-Asean
အောက်တိုဘာ ၃၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် အာဆီယံထိပ်သီး စည်းဝေးပွဲ အတွင်း ၈ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ အစည်းအဝေးတွင် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - AP)
“ကျောက်ဖြူမြို့ပေါ်က ရမ္မာဝတီခန်းမမှာ မြို့မိမြို့ဘတွေ၊ အာဏာပိုင်တွေကို ခေါ်ပြီးတော့ မဲမပေးဘဲ မနေကြဖို့၊ မဲမပေးကြဘူးဆိုရင် နိုင်ငံကြီးသား မပီသတဲ့အပြင် နိုင်ငံတကာမှာလည်း အရှက်ရစရာ ဖြစ်လာနိုင်တယ်၊ မဲပေးတဲ့အခါလည်း ခြင်္သေ့ရဲ့အမြီးတို့၊ ခြေထောက်တို့ပေါ်မှာ မခြစ်ဘဲ ဘေးက ကွင်းထဲမှာပဲ အမှန်ခြစ်ပေးကြဖို့ ဆိုတာတွေကိုပဲ အဓိထား ပြောဆိုသွားပါတယ်” ဟု အစည်းအဝေး တက်ရောက်နားထောင်ခဲ့ရသည့် ကျောက်ဖြူမြို့ခံ တဦးက ဧရာဝတီကို ရှင်းပြသည်။

ဈေးကွက်တွင်းမှ အကြော်ဆိုင် ၁၀၀ ကျော်ကို စစ်ဆေးရာ အသုံးပြုသည့် ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း တွေ့ရ



From Hope မျှော်လင့်ချက်
    ပြည်တွင်း ဈေးကွက်အတွင်းရှိ အကြော်ဆိုင် ၁၀၀ ကျော်မှ ဆီများကိုစစ်ဆေးရာ ဆီအများစုမှာ ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း FDA စစ်ဆေးချက်အရ သိရှိရ

Thursday, November 4, 2010

ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ဖို့ ရခိုင်ပါတီ စဉ်းစား

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဘက်လိုက်မှုတွေကြောင့် ရွေးကောက်ပွဲ ရလဒ်က ပြည်သူလူထုရဲ့ ဆန္ဒကို မထင်ဟပ်ဘူးဆိုရင် သပိတ်မှောက်ကောင်း မှောက်ရလိမ့်မယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ ကော်မရှင်က တဖက်သတ် လုပ်လာတာကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ လူထုရဲ့ ဆန္ဒမှန် ဖြစ်မလာဘူးဆိုရင် ဒီအပေါ် သပိတ်မှောက်သင့်ရင် မှောက်မယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်ပါတယ်။