Thursday, June 9, 2011

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

E-mail Print PDF

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။

အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။

Thursday, June 2, 2011

တကယ်ကိုယ်စားပြုနိုင်သလား?

ဒီနေ့ ကျနော့် အနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာကို ဆွေးနွေးချင်တယ်ဗျာ။
လူ ၂၀ လောက်ရှိတဲ့ ရုံး တရုံးမှာ ခင်ဗျားလုပ်တာ ကို လူ ၁၇ ယောက်က ထောက်ခံတယ်။ ကျန်တဲ့ ၃ ယောက်က တော့ ဆန့်ကျင်တယ် ဆိုပါစို့-----

အဲ့ဒါဟာ ရာခိုင်နှုန်းနဲ့ တွက်ရင် (၈၅%) က ခင်ဗျားကို ထောက်ခံတာပေါ့။ လက်ရှိနိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်တွေနဲ့ပြောရရင် ဒါဟာ ထောက်ခံမှု အရမ်းကို မြင့်တဲ့အခြေအနေပါ။ ကျန်တဲ့ ၁၅ % ကို မငဲ့ကွက်ပဲ ခင်ဗျား လုပ်စရာရှိတာတွေကို လုပ်ရင်တောင်--- ပြဿနာမရှိလောက်တဲ့ အခြေအနေပဲလို့ တွက်ဆကြလိမ့်မယ်-----

Wikipedia (၀ီကီပီးဒီးယား) စွယ်စုံကျမ်းမှာ ဖေါ်ပြတဲ့ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ဟာ ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းခြေအားဖြင့် (၅၅) သန်းကျော်တယ်။ ဒီနှုန်းအတိုင်း ထောက်ခံရင်တောင်မှ ခင်ဗျားကို မထောက်ခံတဲ့ သူ ၁၅ % ဆိုတာ ဟာ ၇. ၅ သန်းလောက်ရှိတယ်----

နော်ဝေ၊ စင်္ကာပူနဲ့ နယူး ဇီလန်နိုင်ငံတွေရဲ့ လူဦးရေ ဟာ ၄ သန်းကျော်ပဲ ရှိကြတယ်။ ဒါဆိုရင် ၇.၅ သန်း ခင်ဗျားကို မထောက်ခံတာ ဟာ ပြဿနာမရှိဘူးလား---

ထားပါတော့ ဘေးချိတ်လိုက်မယ်။ ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေ က ၈၅ % နဲ့ တွက်ရင် (၄၇) သန်းလောက်ရှိတယ်။ ဒီ (၄၇) သန်း ကို ခင်ဗျား တကယ်ကိုယ်စားပြုနိုင်မယ်လို့ရော ခင်ဗျား ထင်မိသလား။ ဒါတောင် ထောက်ခံမဲတွေက မဲလိမ်ထားတာ၊ မဲခိုးထားတာ၊ အတင်း အဓမ္မ ဖိအားနဲ့ ထည့်ခိုင်းထားတာ ဆိုရင် တကယ်တန်း ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေက လျော့ကျသွားဦးမှာ-----

ပြည်သူလူထုက ရာနှုန်းပြည့်ထောက်ခံ တယ် ဆိုရင်တောင်မှ ခင်ဗျားက ပေးထားတဲ့ ဂတိတွေအတိုင်း တကယ် ပြန်လည်ဆောင်ရွက်ပေးနိုင်ပါ့မလား ဆိုတာ စဉ်းစားကြည့်ဖို့ မလိုဘူးလား-----------

Thursday, January 13, 2011

ဆာမူရိုင်းနိုင်ငံတော်

  • လွတ်လပ်တဲ့
        ဆာမူရိုင်းနိုင်ငံတော်ကို
        ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

  •    ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
  •    ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
           ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
           ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ

  • မိန်းမဆိုတာ
        ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
        အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ

  • ဆာမူရိုင်းနိုင်ငံတော်မှာ
        ချစ်ခြင်းမေတ္တာမရှိ

        လိင်စိတ်နဲ့
        သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။

“အဆီယစ်နေသူများ”

ပြည်သူ့ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
...ဆုံးမနေပါလား ဟေ့။

ဗိုက်အပြည့် စားသောက်နေရသူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဘို့
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ ။

(ဗားတော့ဗရက်)
“တင်မောင်အေး” ဘာသာပြန်သည်။

Monday, November 29, 2010

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့

• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
o ရံပုံငွေရှာဘို့၊
o တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
o အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။

• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအ၀င် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂၀၀၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ၀င်ငွေနည်း၊ ၀င်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။
• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ၀င်ငွေနည်း နဲ့ ၀င်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တ၀က်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။

ကလေးများတွင် ဖြစ်သော ရင်ကျပ်ရောဂါ





မြန်မာဝီကီပီးဒီးယားမှာ ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး အတော်အတန်ပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပါမယ်။ Blog Post အနေနဲ့တော့ များပြားလှတဲ့အတွက် ခေါင်းစဉ်တွေ ခွဲပြီး တင်ဆက်သွားပါမယ်။ တချို့အကြောင်းအရာတွေကိုတော့ ဆေးပညာအသုံးအနှုန်းတွေနဲ့ပဲ ဖော်ပြထားပါတယ်။ အကယ်၍ သိချင်ပါက ကျွန်တော့် mail ဖြစ်တဲ့ ziwakka23@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ CBox မှာ ကလေး ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး မေးထားတာတွေ့လို့ အဲဒီကပဲ စလိုက်ပါတယ်။

Monday, November 22, 2010

Su Free United & Advance to Grab the Hope!

ပြည်တွင်းမှာ တရားဝင် ထုတ်ဝေနေတဲ့ Eleven Sport Journal ရဲ့ အဖုံးမှာ SUNDERLAND FREEZE CHELSEA UNITED STUNNED BY VILLA  & ARSENAL ADVANCE TO GRAB  THEIR HOPE ဆိုတဲ့စာသားမှာ အနီရောင်ဖျော့နဲ့ ရေးထားတဲ့စာလုံးတွေကို ဖတ်ကြည့်လိုက်ရင် SU FREE UNITE & ADVANCE TO GRAB  THE HOPE လို့ ဖြစ်နေပါတယ်။
ဒေါ်စုလွတ်မြောက်မှုဟာ `ညီညွတ်မှု´နဲ့ `မျှော်လင့်ချက်ကို ဆုတ်ကိုင်နိုင်ဖို့လမ်းစ` ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
 ရဲရဲဝံ့ဝံ့ ဖန်တီးဂုဏ်ပြုလိုက်သူများကို အသိအမှတ်ပြုခြင်းနှင့်အတူ
ရင်ခုန်သံတူသူများကို မျှဝေပေးနိုင်ဖို့ ပို့ပေးလိုက်ပါတယ်။

Let's unite and grab our hope!

ဒီ Eleven sport Journal က သတင်းလေးကို သူငယ်ချင်းတွေဆီက ပို့ပေးလိုက်တာပါ။ ဗမာပြည်သူတွေရဲ့ မျှော်လင့်ချက် ကို ထင်ဟတ်စေတဲ့ ဒီဖန်တီးသူရဲ့ ဥာဏ်ထက်မြက်မှုကို ဂုဏ်ပြုဖေါ်ပြအပ်ပါတယ်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိဘဲ ကန့်သတ်ချက်များ ရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပြည်သူလူထု စိတ်အ၀င်စားဆုံးသော သတင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် သတင်းနှင့် မိန့်ခွန်း ပြောကြားသည့် အချိန်က အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြန်ရန် ပြည်တွင်း သတင်းဂျာနယ်များက ကြိုးပမ်းကြသော်လည်း စာပေစိစစ်ရေးက ကန့်သတ်မှုများ ရှိနေသောကြောင့် လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။

“ပထမဆုံး ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ့။ ဓာတ်ပုံက အကြီးကြီးချဲ့လို့ မရဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ သုံးခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းကိုလည်း မျက်နှာဖုံး တင်ချင်တယ်။ စာပေစိစစ်ရေးက ခွင့်မပြုဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

မျှော်လင့်ချက် - ၁

  • ကျနော့်ပထမဆုံး တင်ပြချင်တဲ့ မျှော်လင့်ချက်ကတော့ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးရချင်တာပါပဲ။ ကျနော် မမွေးခင် နှစ်ပေါင်းများစွာကတည်းက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ဒီနေ့အထိ မရပ်စဲနိုင်သေး ပါဘူး။ ပြင်းပြင်းထန်ထန် ဖြစ်တာနဲ့ အနည်းငယ်လျော့ပါးသွားတာပဲကွာတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တိုင်းပြည် မွဲတေ သွားရတယ်။ ဒီစစ်ကြောင့်ပဲ ကျနော်တို့ တွေ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ လျော့ပါး ခဲ့ကြတယ်။ လူတယောက်နဲ့ တယောက် တန်ဖိုးထားမှုတွေ လည်း လျော့ပါးခဲ့ကြတယ်။ ကျနော်တို့  မသိလိုက်မသိဘာသာ နေခဲ့ကြပေမဲ့ ကျနော်တို့ ဗမာပြည်မှာ တယောက်နဲ့ တယောက်လေးစားမှုတွေ လျော့ပါးခဲ့တာလဲ ဒီစစ်ကြောင့်ပါပဲ။  
  •  
  •  နိုင်ငံတကာနဲ့ ရင်ဘောင်တန်းချင်ရင် ဒီစစ်ကိုအရင်ဆုံးရပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စရမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်တယ်လို့ ဘယ်လောက် အာဘောင်အာရင်း သန်သန်နဲ့ ပြောပြော ပြည်တွင်းစစ်ကို ကိုယ်ကျိုးစီးပွား အတွက် ရှိနေစေချင်တဲ့ သူတိုင်းဟာ တိုင်းပြည် အောက်တန်း ကျရေးကို ဆောင်ရွက်နေတာ သာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်း စစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့ အာသီသ ပြင်းပြစွာနဲ့ မျှော်လင့်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)၊ (၂)

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၁)


ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း အပိုင်း (၂)