Friday, May 4, 2012

ကြွေဟောင်းကျေမှ မြန်မာကို ADB ငွေချေးမည်

ဒေါ်လှလှသန်း
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ အခြေခံယန္တရား အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ အစိုးရက နိုင်ငံတကာကို မေတ္တာရပ်ခံနေချိန်မှာပဲ ဖိလစ်ပိုင် အခြေစိုက် ADB လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အဆင်သင့် ရှိပေမယ့်လို့ ဆပ်စရာ ရှိတဲ့ ကြွေးမြီ ဒေါ်လာသန်း ၄၉၀ ကို အရင်ပြန်ဆပ်မှ

Thursday, May 3, 2012

အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

by Poet Sue on Thursday, July 14, 2011 at 8:04pm

(၁)

အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့်
အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို
ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား
သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့်
ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။


(၂)

ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ
အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု”ဆိုသော
ယဉ်ကျေးမှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။
ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊
မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ
ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြားရစဉ်က
အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။

Monday, April 30, 2012


ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်သို့တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား PDF Print
Monday, 30 April 2012 11:30
AddThis Social Bookmark Button

ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

Friday, April 27, 2012

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား PDF Print
Thursday, 26 April 2012 15:40
AddThis Social Bookmark Button
545
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စား လှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ် ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန်

Wednesday, April 25, 2012

ဒေါ်အောင်ဆန်းစုကြည် ၂၃ ရက်နေ့တွင် လွှတ်တော်တက်မည်

ဝင်းကိုကိုလတ်  

မြန်မာတိုင်းမ်၊ အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ်များ သည် ယခုလ ၂၃ ရက်တွင် ပြန်လည် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် တတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"ဟုတ်ပါတယ်၊ ၂၂ ရက် နေပြည်တော် အရောက်၊ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ လွှတ်တော်စတင်မယ်လို့ အကြောင်း ကြားထား ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားသည်။
ယခုလ ၁၉ နှင့် ၂၀ ရက်များတွင် အင်န်အယ်လ်ဒီက အနိုင်ရကိုယ်စားလှယ်များအား အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက လွှတ်တော်နေရာ ၄၃ နေရာ အနိုင်ရရှိထားသည်။
"၂၃ ရက်မှာ လွှတ်တော်တက်ဖို့ အကြောင်းကြားစာရပါတယ်" ဟု ဥတ္တရ သီရိမြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လွှတ်တော်တွင် မေးမြန်းရန် မေးခွန်း အချို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒေသခံ ပြည်သူများ၊ လယ်သမား များခံစားနေရသည့် လယ်ယာမြေနှင့် သက်ဆိုင်သည်များကို အဓိကထား မေးမြန်းသွားမည်ဟု ၎င်းက ပြောသည်။
"နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းတာတွေကို ဘယ်လို ဆောင်ရွက်ပေးခဲ့သလဲဆိုတာကို သက် ဆိုင်ဝန်ကြီး ဌာနကို မေးပါမယ်" ၎င်းက ပြောသည်။
"အဆိုက ကျယ်ပြန့်တဲ့ကိစ္စဖြစ်တဲ့အတွက် သေချာစဉ်းစားပြီး လုပ်ဆောင်သွားမယ်"ဟု ၎င်းက ပြောသည်။
ဇမ္ဗူသီရိမြို့နယ်၊ အယ်န်အယ်လ်ဒီ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "Data analysis လုပ်နေတယ်။ အဲဒီကနေ Issue တွေ ဆွဲ ထုတ်ပြီး

Friday, March 30, 2012

စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်

ဗုဒ္ဓဟူး, 28 မတ် 2012 
By ဗွီအိုအေ(မြန်မာဌာန)
ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။

မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့

Friday, December 23, 2011

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၊ တိုးပွားမည့် လူဦးရေအတွက် လိုအပ်ပါက မြို့တော်နယ်နိမိတ်အား ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး PDF Print
Sunday, 18 December 2011 10:57
AddThis Social Bookmark Button
  ရန်ကုန်မြို့တော်အား ပြုပြင် ဖွံ့ဖြိုးစေမည့် Yangon City Concept Plan (2040) ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဌာန ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပူးပေါင်း၍ စာတမ်း၂၅ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် ရေတိုအနေဖြင့် ရန်ကုန်မြို့တော်၏ လူနေကျဲပါးသည့် နေရာများတွင် လူနေထူထပ် ဖွံ့ဖြိုးလာအောင် ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါကမူ မြို့ဧရိယာအား ထပ်မံချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်းကို စာတမ်းရှင်အချို့က တင်ပြဆွေးနွေးခဲ့ကြသည်။

လက်ရှိအနေအထားအရ ရန်ကုန်မြို့နေ လူထုအတွက် အိမ်ရာဖြင့် နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရ . . .

7122a
ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ်
အခြေခံအိမ်ယာ လိုအပ်ချက် ဘယ်လိုရှိမလဲ
၂၀၀၀ ပြည့်နှစ်က ရန်ကုန်မြို့၏ လူဦးရေမှာ လေးသန်းနီးပါးခန့်သာရှိပြီး လက်ရှိတွင် ငါးသန်းကျော် မှ ခြောက်သန်းနီပါးအထိ တိုးပွားလာရာ အဆိုပါလူဦးရေအတွက် အခြေခံအိမ်ယာ လိုအပ်ချက်မှာလည်း အဓိကအရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိအနေအထားအရ ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာဖြင့်နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရသည်ဟု သိရသည်။

Thursday, June 9, 2011

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

E-mail Print PDF

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။

အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။

Thursday, June 2, 2011

တကယ်ကိုယ်စားပြုနိုင်သလား?

ဒီနေ့ ကျနော့် အနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာကို ဆွေးနွေးချင်တယ်ဗျာ။
လူ ၂၀ လောက်ရှိတဲ့ ရုံး တရုံးမှာ ခင်ဗျားလုပ်တာ ကို လူ ၁၇ ယောက်က ထောက်ခံတယ်။ ကျန်တဲ့ ၃ ယောက်က တော့ ဆန့်ကျင်တယ် ဆိုပါစို့-----

အဲ့ဒါဟာ ရာခိုင်နှုန်းနဲ့ တွက်ရင် (၈၅%) က ခင်ဗျားကို ထောက်ခံတာပေါ့။ လက်ရှိနိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်တွေနဲ့ပြောရရင် ဒါဟာ ထောက်ခံမှု အရမ်းကို မြင့်တဲ့အခြေအနေပါ။ ကျန်တဲ့ ၁၅ % ကို မငဲ့ကွက်ပဲ ခင်ဗျား လုပ်စရာရှိတာတွေကို လုပ်ရင်တောင်--- ပြဿနာမရှိလောက်တဲ့ အခြေအနေပဲလို့ တွက်ဆကြလိမ့်မယ်-----

Wikipedia (၀ီကီပီးဒီးယား) စွယ်စုံကျမ်းမှာ ဖေါ်ပြတဲ့ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ဟာ ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းခြေအားဖြင့် (၅၅) သန်းကျော်တယ်။ ဒီနှုန်းအတိုင်း ထောက်ခံရင်တောင်မှ ခင်ဗျားကို မထောက်ခံတဲ့ သူ ၁၅ % ဆိုတာ ဟာ ၇. ၅ သန်းလောက်ရှိတယ်----

နော်ဝေ၊ စင်္ကာပူနဲ့ နယူး ဇီလန်နိုင်ငံတွေရဲ့ လူဦးရေ ဟာ ၄ သန်းကျော်ပဲ ရှိကြတယ်။ ဒါဆိုရင် ၇.၅ သန်း ခင်ဗျားကို မထောက်ခံတာ ဟာ ပြဿနာမရှိဘူးလား---

ထားပါတော့ ဘေးချိတ်လိုက်မယ်။ ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေ က ၈၅ % နဲ့ တွက်ရင် (၄၇) သန်းလောက်ရှိတယ်။ ဒီ (၄၇) သန်း ကို ခင်ဗျား တကယ်ကိုယ်စားပြုနိုင်မယ်လို့ရော ခင်ဗျား ထင်မိသလား။ ဒါတောင် ထောက်ခံမဲတွေက မဲလိမ်ထားတာ၊ မဲခိုးထားတာ၊ အတင်း အဓမ္မ ဖိအားနဲ့ ထည့်ခိုင်းထားတာ ဆိုရင် တကယ်တန်း ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေက လျော့ကျသွားဦးမှာ-----

ပြည်သူလူထုက ရာနှုန်းပြည့်ထောက်ခံ တယ် ဆိုရင်တောင်မှ ခင်ဗျားက ပေးထားတဲ့ ဂတိတွေအတိုင်း တကယ် ပြန်လည်ဆောင်ရွက်ပေးနိုင်ပါ့မလား ဆိုတာ စဉ်းစားကြည့်ဖို့ မလိုဘူးလား-----------

Thursday, January 13, 2011

ဆာမူရိုင်းနိုင်ငံတော်

  • လွတ်လပ်တဲ့
        ဆာမူရိုင်းနိုင်ငံတော်ကို
        ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

  •    ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
  •    ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
           ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
           ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ

  • မိန်းမဆိုတာ
        ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
        အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ

  • ဆာမူရိုင်းနိုင်ငံတော်မှာ
        ချစ်ခြင်းမေတ္တာမရှိ

        လိင်စိတ်နဲ့
        သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။