ကျနော့်ရဲ့ မျှော်လင့်ချက်တွေ၊ အခြားလူတွေရဲ့မျှော်လင့်ချက်တွေ၊ လူသားအားလုံးရဲ့မျှော်လင့်ချက်တွေ
Tuesday, July 9, 2013
Tuesday, July 10, 2012
Tuesday, May 15, 2012
Wednesday, May 9, 2012
ဒေါ်အောင်ဆန်းစုကြည်ကို Passport ထုတ်ပေးလိုက်တာ အမေရိကန် ကြိုဆို
အင်္ဂါ, 08 မေ 2012
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက
နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေးလိုက်ပြီမို့
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း
ပထမဆုံး အကြိမ် ပြည်ပခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ခုလို
ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့ရတဲ့ အပေါ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေက
ဘယ်လို ၀မ်းသာကြိုဆိုခဲ့ကြတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေးလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါဟာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ ဥရောပကို သွားဖို့စီစဉ်နေတဲ့ ခရီးစဉ်အတွက် အဆင်ပြေသွားစေတာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့စ် စာအုပ်ရသွားတဲ့အတွက်

ဒေါ်အောင်ဆန်းစုကြည် Passport ရပြီ။
အင်္ဂါ, 08 မေ 2012
(VOA ဗွီအိုအေ မြန်မာသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။)
By ဇော်ဝင်းလှိုင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄
နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ်
ထုတ်ပေးလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို
ခရီးထွက်ဖို့ ပြင်ဆင်နေတာပါ။
Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာလို့ NLD တာဝန်ရှိ သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က Passport ထုတ်ပေးဖို့ လျှောက်ထားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းဖြစ်နေတာ ကို ဆေးကုပေးဖို့ ရောက်လာကတည်းက Passport မရှိတော့ဘဲ ဖြစ်နေခဲ့တာပါ။ အခုထုတ်ပေးတဲ့ Passport သက်တမ်းဟာ ၃ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်ကာလတွေအတွင်း ပြည်ပကိုထွက်ခွာဖို့ အခွင့်အရေးရခဲ့ပေမဲ့ လည်း မြန်မာနိုင်ငံကို ပြန်လာလို့ မရတော့မှာ စိုးရိမ်တဲ့အတွက် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန် ကာနီးဖြစ်နေတဲ့ ခင်ပွန်းသည် Michael Aris ကိုတောင် သွားမတွေ့ဘဲ နေခဲ့တာပါ။

ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ် ပြစ်တင်
အင်္ဂါ, 08 မေ 2012
By ကိုသားညွန့်ဦး
၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး
သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့
စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး
ကင်တာနားက ပြောပါ တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်နေသေးတဲ့
နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မမေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
ဒီအကြောင်းကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ထားခံရတဲ့ ဖြိုးဝေအောင်ရဲ့အမှုကို တရားစီရင်ရာမှာ လွတ်လပ်မှု၊ ပွင့်လင်းမှု မရှိသလို တရားခံဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေက ပြောပါတယ်။ ဖြိုးဝေအောင်အမှုကို နှစ်နှစ်ကြာ အင်းစိန်အကျဉ်းထောင် အတွင်းမှာပဲ စစ်ဆေးခဲ့တာပါ။

ဖြိုးဝေအောင်ကို သေဒဏ်ချမှတ်
By အေးအေးမာ
လူ အနည်းဆုံး ၁၀ဦးသေဆုံးပြီးတော့ လူ ၁၆၀ကျေုာ် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်
ကန်တော်ကြီးအနီး x2o ရေကစားမဏ္ဍပ်မှာ ဧပြီလ ၁၅ရက် သင်္ကြန် အကြတ်နေ့က
ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေး
အကျဉ်းသား ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်း
ခရိုင် အထူးတရားရုံးကနေ ဒီကနေ့ သေဒဏ် ချမှတ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ်
သူ့ရှေ့နေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ အသေးစိတ်ကို
ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က ပြောပြပါမယ်။
××××××
နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ခုနှစ် ဧပြီလမှာ ဖမ်ဆီး ခံခဲ့ ရပြီး သူ့ကို ၂နှစ်ကျော်ကြာ စစ်ဆေးနေရာကနေ မေလ ၈ရက်နေ့မှာ အင်းစိန် ထောင်တွင်းမှာ ဖွင့်ထားတဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံး ကနေ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။
သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေကြီး ဦးကျော်ဟိုး ပြောပြ တာက
“ အမှုလေးခုမှာ ပထမ တမှုမှာ ပုဒ်မ ၃ခုနဲ့ စွဲချက်တင်ထားတယ်။ အဲဒီထဲမှာ ပထမ ပုဒ်မ ၃၀၂-၁(ခ) က ကြိုတင်ကြံစည်မှုနဲ့ သတ်တာကို အားပေးတယ် ဆိုပြီးတော့

Friday, May 4, 2012
ကြွေဟောင်းကျေမှ မြန်မာကို ADB ငွေချေးမည်

ဒေါ်လှလှသန်း
Last updated at: 17.07.2012 08:59
Thursday, May 3, 2012
အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း
by Poet Sue on Thursday, July 14, 2011 at 8:04pm
(၁)
အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့်
အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို
ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား
သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့်
ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။
(၂)
ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ
အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု”ဆိုသော
ယဉ်ကျေးမှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။
ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊
မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ
ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြားရစဉ်က
အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။

Monday, April 30, 2012
| ပြည်သူများ၏ ဆန္ဒအရ လွှတ်တော်သို့တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား | |
|
| Monday, 30 April 2012 11:30 |
ပြည်သူများ၏
ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်
|
Friday, April 27, 2012
လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား
| လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား | |
|
| Thursday, 26 April 2012 15:40 |
![]() ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စား လှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ် ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန် |
Wednesday, April 25, 2012
ဒေါ်အောင်ဆန်းစုကြည် ၂၃ ရက်နေ့တွင် လွှတ်တော်တက်မည်
ဝင်းကိုကိုလတ်
မြန်မာတိုင်းမ်၊ အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ်များ သည် ယခုလ ၂၃ ရက်တွင် ပြန်လည် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ် တော် တတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်ဟု အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။"ဟုတ်ပါတယ်၊ ၂၂ ရက် နေပြည်တော် အရောက်၊ ၂၃ ရက် မွန်းလွဲ ၁ နာရီမှာ လွှတ်တော်စတင်မယ်လို့ အကြောင်း ကြားထား ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားသည်။
ယခုလ ၁၉ နှင့် ၂၀ ရက်များတွင် အင်န်အယ်လ်ဒီက အနိုင်ရကိုယ်စားလှယ်များအား အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက လွှတ်တော်နေရာ ၄၃ နေရာ အနိုင်ရရှိထားသည်။
"၂၃ ရက်မှာ လွှတ်တော်တက်ဖို့ အကြောင်းကြားစာရပါတယ်" ဟု ဥတ္တရ သီရိမြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လွှတ်တော်တွင် မေးမြန်းရန် မေးခွန်း အချို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒေသခံ ပြည်သူများ၊ လယ်သမား များခံစားနေရသည့် လယ်ယာမြေနှင့် သက်ဆိုင်သည်များကို အဓိကထား မေးမြန်းသွားမည်ဟု ၎င်းက ပြောသည်။
"နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းတာတွေကို ဘယ်လို ဆောင်ရွက်ပေးခဲ့သလဲဆိုတာကို သက် ဆိုင်ဝန်ကြီး ဌာနကို မေးပါမယ်" ၎င်းက ပြောသည်။
"အဆိုက ကျယ်ပြန့်တဲ့ကိစ္စဖြစ်တဲ့အတွက် သေချာစဉ်းစားပြီး လုပ်ဆောင်သွားမယ်"ဟု ၎င်းက ပြောသည်။
ဇမ္ဗူသီရိမြို့နယ်၊ အယ်န်အယ်လ်ဒီ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "Data analysis လုပ်နေတယ်။ အဲဒီကနေ Issue တွေ ဆွဲ ထုတ်ပြီး
Friday, March 30, 2012
စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်
ဗုဒ္ဓဟူး, 28 မတ် 2012
By ဗွီအိုအေ(မြန်မာဌာန)ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။
မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့
Friday, December 23, 2011
ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
| ရန်ကုန်မြို့တော်ကို ပြုပြင်မည့် နှစ် (၃၀) စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၊ တိုးပွားမည့် လူဦးရေအတွက် လိုအပ်ပါက မြို့တော်နယ်နိမိတ်အား ချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေး | | |
| Sunday, 18 December 2011 10:57 | |
|
ရန်ကုန်မြို့တော်အား ပြုပြင် ဖွံ့ဖြိုးစေမည့် Yangon City Concept Plan (2040) ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဌာန ဗိသုကာပညာရှင်များနှင့် စီးပွားရေးပညာရှင်များ ပူးပေါင်း၍ စာတမ်း၂၅ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် ရေတိုအနေဖြင့် ရန်ကုန်မြို့တော်၏ လူနေကျဲပါးသည့် နေရာများတွင် လူနေထူထပ် ဖွံ့ဖြိုးလာအောင် ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လာပါကမူ မြို့ဧရိယာအား ထပ်မံချဲ့ထွင်နိုင်ရေး စဉ်းစားသင့်ကြောင်းကို စာတမ်းရှင်အချို့က တင်ပြဆွေးနွေးခဲ့ကြသည်။
အခြေခံအိမ်ယာ လိုအပ်ချက် ဘယ်လိုရှိမလဲ ၂၀၀၀ ပြည့်နှစ်က ရန်ကုန်မြို့၏ လူဦးရေမှာ လေးသန်းနီးပါးခန့်သာရှိပြီး လက်ရှိတွင် ငါးသန်းကျော် မှ ခြောက်သန်းနီပါးအထိ တိုးပွားလာရာ အဆိုပါလူဦးရေအတွက် အခြေခံအိမ်ယာ လိုအပ်ချက်မှာလည်း အဓိကအရေးကြီးသော အချက် ဖြစ်သည်။ လက်ရှိအနေအထားအရ ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာဖြင့်နေထိုင်မှုမှာ အိမ်ထောင်စု ၁၄ စုလျှင် ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရသည်ဟု သိရသည်။ |
Thursday, June 9, 2011
ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်
ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။
အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့ တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။
Thursday, June 2, 2011
တကယ်ကိုယ်စားပြုနိုင်သလား?
ဒီနေ့ ကျနော့် အနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာကို ဆွေးနွေးချင်တယ်ဗျာ။
လူ ၂၀ လောက်ရှိတဲ့ ရုံး တရုံးမှာ ခင်ဗျားလုပ်တာ ကို လူ ၁၇ ယောက်က ထောက်ခံတယ်။ ကျန်တဲ့ ၃ ယောက်က တော့ ဆန့်ကျင်တယ် ဆိုပါစို့-----
အဲ့ဒါဟာ ရာခိုင်နှုန်းနဲ့ တွက်ရင် (၈၅%) က ခင်ဗျားကို ထောက်ခံတာပေါ့။ လက်ရှိနိုင်ငံတကာ ရွေးကောက်ပွဲ စံချိန်တွေနဲ့ပြောရရင် ဒါဟာ ထောက်ခံမှု အရမ်းကို မြင့်တဲ့အခြေအနေပါ။ ကျန်တဲ့ ၁၅ % ကို မငဲ့ကွက်ပဲ ခင်ဗျား လုပ်စရာရှိတာတွေကို လုပ်ရင်တောင်--- ပြဿနာမရှိလောက်တဲ့ အခြေအနေပဲလို့ တွက်ဆကြလိမ့်မယ်-----
Wikipedia (၀ီကီပီးဒီးယား) စွယ်စုံကျမ်းမှာ ဖေါ်ပြတဲ့ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ဟာ ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းခြေအားဖြင့် (၅၅) သန်းကျော်တယ်။ ဒီနှုန်းအတိုင်း ထောက်ခံရင်တောင်မှ ခင်ဗျားကို မထောက်ခံတဲ့ သူ ၁၅ % ဆိုတာ ဟာ ၇. ၅ သန်းလောက်ရှိတယ်----
နော်ဝေ၊ စင်္ကာပူနဲ့ နယူး ဇီလန်နိုင်ငံတွေရဲ့ လူဦးရေ ဟာ ၄ သန်းကျော်ပဲ ရှိကြတယ်။ ဒါဆိုရင် ၇.၅ သန်း ခင်ဗျားကို မထောက်ခံတာ ဟာ ပြဿနာမရှိဘူးလား---
ထားပါတော့ ဘေးချိတ်လိုက်မယ်။ ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေ က ၈၅ % နဲ့ တွက်ရင် (၄၇) သန်းလောက်ရှိတယ်။ ဒီ (၄၇) သန်း ကို ခင်ဗျား တကယ်ကိုယ်စားပြုနိုင်မယ်လို့ရော ခင်ဗျား ထင်မိသလား။ ဒါတောင် ထောက်ခံမဲတွေက မဲလိမ်ထားတာ၊ မဲခိုးထားတာ၊ အတင်း အဓမ္မ ဖိအားနဲ့ ထည့်ခိုင်းထားတာ ဆိုရင် တကယ်တန်း ခင်ဗျားကို ထောက်ခံတဲ့ လူဦးရေက လျော့ကျသွားဦးမှာ-----
ပြည်သူလူထုက ရာနှုန်းပြည့်ထောက်ခံ တယ် ဆိုရင်တောင်မှ ခင်ဗျားက ပေးထားတဲ့ ဂတိတွေအတိုင်း တကယ် ပြန်လည်ဆောင်ရွက်ပေးနိုင်ပါ့မလား ဆိုတာ စဉ်းစားကြည့်ဖို့ မလိုဘူးလား-----------

Thursday, January 13, 2011
ဆာမူရိုင်းနိုင်ငံတော်
- လွတ်လပ်တဲ့
ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။
- ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
- ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ
- မိန်းမဆိုတာ
အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ
- ဆာမူရိုင်းနိုင်ငံတော်မှာ
လိင်စိတ်နဲ့
သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။
“အဆီယစ်နေသူများ”
ပြည်သူ့ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
...ဆုံးမနေပါလား ဟေ့။
ဗိုက်အပြည့် စားသောက်နေရသူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။
တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။
တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဘို့ 
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ ။
(ဗားတော့ဗရက်)
“တင်မောင်အေး” ဘာသာပြန်သည်။
အလွဲသုံးစား လုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
...ဆုံးမနေပါလား ဟေ့။
ဗိုက်အပြည့် စားသောက်နေရသူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။
တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။
တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဘို
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ ။
(ဗားတော့ဗရက်)
“တင်မောင်အေး” ဘာသာပြန်သည်။
Monday, November 29, 2010
World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့
• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
o ရံပုံငွေရှာဘို့၊
o တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
o အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။
• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအ၀င် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂၀၀၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ၀င်ငွေနည်း၊ ၀င်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။
• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ၀င်ငွေနည်း နဲ့ ၀င်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တ၀က်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။
ကလေးများတွင် ဖြစ်သော ရင်ကျပ်ရောဂါ

မြန်မာဝီကီပီးဒီးယားမှာ ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး အတော်အတန်ပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပါမယ်။ Blog Post အနေနဲ့တော့ များပြားလှတဲ့အတွက် ခေါင်းစဉ်တွေ ခွဲပြီး တင်ဆက်သွားပါမယ်။ တချို့အကြောင်းအရာတွေကိုတော့ ဆေးပညာအသုံးအနှုန်းတွေနဲ့ပဲ ဖော်ပြထားပါတယ်။ အကယ်၍ သိချင်ပါက ကျွန်တော့် mail ဖြစ်တဲ့ ziwakka23@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ CBox မှာ ကလေး ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး မေးထားတာတွေ့လို့ အဲဒီကပဲ စလိုက်ပါတယ်။
Subscribe to:
Posts (Atom)